Myanmar Shwe Gold & Jewelry
"မြန်မာရွှေ ရတနာရွှေဆိုင်ကို မန္တလေးမြို့မှာ
၂၀၁၇ ခုနစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၀၀ ခုနစ် ကချင်ပြည်နယ် ဖားကန့် မြို့မှ စိန် ရွှေဆိုင်နှင့်ပန်းတိမ်
၂၀၁၃ ခုနစ် မန္တလေးမြို့တွင် စိန်ပန်းတိမ် ရွှေဆိုင် နှင့် လေဆာအရောင်တင်လုပ်ငန်းများနှင့် ပူးတွဲလုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနစ်မှ မြန်မာရွှေ ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
မြန်မာရွှေ ရတနာရွှေဆိုင်၏
လိုကို ကြာပန်းလေးသည် ညစ်ပေတဲ့ရွှံနွံများကြားမှ သန့်ရှင်းစင်ကြယ်သော အောင်မြင်မှုပန်းများပွင့်လန်းစေခြင်း၊
အသစ်သစ် သန့်ရှင်းသောပန်းများပွင့်လန်းခြင်းကို သက်ရောက်စေပါသည်။
မြန်မာရွှေ မှာ ရွှေရည်ပြည့်မီသော
အကယ်ဒမီရွှေတုံး၊ရွှေခဲများ
999ရွှေ၊ခေါက်ရွှေနှင့် ၁၅ပဲရည်၊22Kရွှေထည်များ
ဒီဇိုင်းသွက်လက်ပေါ့ပါးတဲ့18k ရွှေထည်များ
တန်ဖိုးမြင့် စိန်ထည်ကျောက်ထည်များကို
ဝယ်ယူရရှိနိုင်ပါမည်။
ပန်းတိမ်အပ်ထည်များနှင့် ကျောက်ပေးပြီး အပ်ထည်များလည်း လက်ခံဆောင်ရွက်ပေးနေပါသည်။
ဆိုင်ဖွင့်ချိန်
မနက်၉:၀၀ မှ ညနေ ၄:၀၀ ထိ
လပြည့်လကွယ်တိုင်း ဆိုင်ပိတ်ပါသည်။"
"ခေါက်ရွှေ အကယ်ဒမီအတုံးအခဲများအပါ
ရွှေသားထည်များအားလုံးကို ရွှေရည်ပေါက်ဈေး ပြန်ဝယ်ဈေးအတိုင်းပြန်သွင်းနိုင်ပါသည်။ရောင်းဈေးဝယ်ဈေးခွာပါသည်။
ရွှေဖြူရွှေဝါ 18Kရွှေသားထည်များအားလုံးကိုလည်း ရွှေပြန်ဝယ်ပေါက်ဈေး အတိုင်းပြန်ဝယ်ပါသည်။ရာခိုင်နှုန်းအရှုံးအမြဲမဟုတ်ပါ။
ကျောက်ထည်များ
ရောင်း၁၂%၊လဲ၈%
စိန်ထည်များ
ရောင်း၈%၊လဲ၅%
အထည်ပျက်စီးကျောက်စိန်ပြုတ်ထည်များကို
ပျက်စီးမှုတိုင်းတာပေါ်မူတည်ပြီး ပြန်သွင်းပြန်လဲဈေးညှိနှိုင်းဆောင်ရွက်ပေးပါသည်။"