မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ကျောက်စိမ်း အကြောင်း သိကောင်းစရာ

20 Nov 2023

ကျောက်စိမ်းဟာ ကမ္ဘာပေါ်မှာ ၃ နေရာပဲ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံက တက္ကဆက်စ်ပြည်နယ်၊ တရုတ်က ကွမ်ကျိုးပြည်နယ်ရယ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကချင်ပြည်နယ်တို့မှာပါပဲ။ ဒီ ၃ နေရာမှာပဲ တူးဖော် တွေ့ရှိနိုင်ပါတယ်။ ယနေ့ထိ၊ ဒီ ၃ နေရာကလွဲလို့ တစ်ခြား ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။ ဒီ ၃နေရာထဲမှာမှ၊ ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်းကို မြန်မာနိုင်ငံမှာပဲ တူးဖော် ရရှိနိုင်ပါတယ်။ ဆိုလိုချင်တာက ကျန် ၂ နေရာက ထွက်တဲ့ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာဖြစ်ပြီး၊ အရည်အသွေးကျတော့လည်းမြန်မာနိုင်ငံကို မမှီပါဘူး။ ဒါကြောင့်မို့လည်း မြန်မာ့ကျောက်စိမ်းဟာ ကမ္ဘာမှာ နာမည်ကျော်ကြားနေရတာပါ။ ကျောက်စိမ်းကို ဘယ်နေရာတွေမှာသုံးသလဲ ဆိုရင် ပုတီး၊ လက်ကောက်၊ ဆွဲပြား၊ ဘုရားဆင်းတု၊ ပန်းပုထုခြင်း၊ကျောက်စိမ်း ပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ်။ ယနေ့ တိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ ပိုက်ဆံတတ်နိုင်သူများဟာ ကျောက်စိမ်းကို ပါကေးပြားအရွယ် ထုတ်လုပ်ပြီး နေအိမ်တွေမှာ ပါကေးတွေ ခင်းလာပါတယ်။( ချမ်းသာကြွယ်ဝမှုပေါ့) အိမ်တွေမှာ မီးဆိုင်းတွေကို ကျောက်စိမ်းတွေနဲ့ ထုတ်လုပ်လာတယ်။ ကားတွေထဲက ဖင်ထိုင်ခုံအောက်မှာ ကျောက်စိမ်းလုံးလေးတွေကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ်။ ကျောက်စိမ်းရဲ့ သဘောသဘာဝက အအေးဓာတ် ရှိပါတယ်။ ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့၊ အာရပ်တွေဆီမှာဆိုရင် ကျောက်စိမ်းကုတင်၊ ကျောက်စိမ်းထိုင်ခုံ စသည်ဖြင့် သုံးစွဲကြပါတယ်။ ကျွန်တော် သိခဲ့ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ်။ သာမန် လမ်းဘေးက ကျောက်တုံးတစ်တုံးနဲ့ကျောက်စိမ်းတုံး (အရိုင်းတုံး)နဲ့၊ ဘယ်လို ခွဲခြားမလဲဆိုရင် ဒီ ယမ်းပါ မပါကို ကြည့်ပြီး ခွဲနိုင်ပါတယ်။ ကျောက်စိမ်းတုံး အရိုင်းတုံးတွေကို နေရောင်အောက်မှာ အနီးကပ် ကြည့်လိုက်မယ်ဆိုရင်၊ လက် လက် လက်လက်နဲ့ လက်နေတဲ့ အမှုန်လေးတွေကို မြင်ရပါမယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင်- စာရွက်အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့အစက် ကလေးတွေ ချလိုက်သလိုပါ။ အစက်လေးတွေပါ လက်နေပါတယ်။ မှောင်တဲ့ နေရာမှာ ဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီးနဲ့ထိုးကြည့်ရင် မြင်ရမှာပါ ။ ( ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့၊ ရွှေတို့ ငွေတို့ အစရှိသဖြင့် အခြားသတ္တုများ ပါဝင်တဲ့ ကျောက်ရိုင်းတုံးမှာလည်း လက်လက် လက်လက် တောက်နေပေမယ့်၊ ကျောက်စိမ်းနဲ့တော့ တစ်ခြားစီပါ။ ရွှေတို့ ငွေတို့မှာ လက်လက် လက်လက်က သူ့အရောင်အလိုက် တောက်ပါတယ်။ ) အဲဒီ လက်လက် လက်လက် လေးတွေကို ယမ်းလို့ခေါ်ပါတယ်။ ကျောက်စိမ်း အရိုင်းတုံးကို ယမ်းပါဝင်မှု၊ ယင်းပါရှိမှုပုံစံကို ကြည့်ပြီး ကျောက်စိမ်း အရိုင်းတုံးကို အခုလို ခွဲခြားလို့ရပါတယ်။ ယမ်းချောရင် အတွင်းက ကျောက်စိမ်းသား ချောပါမယ်။ ( ဆိုလိုချင်တာ ယမ်းက မှုန်မှုန်လေးတွေနဲ့ စုနေတာပါ ) ယမ်းကြမ်းရင် အတွင်း က အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ ) ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ်၊ ကျောက်သားကောင်းပါမယ်။( လက်လက်လေးတွေ စုနေတာပေါ့ ) ယမ်းကျဲရင်တော့ ကျောက်သား မကောင်းပါဘူး ။ ( ဒီလိုကျောက်မျိုးကို ဝယ်ရောင်း မလုပ်သင့်ပါဘူး ) အဓိက ယမ်း (၃) မျိုး ရှိပါတယ်။ ယမ်းလုံး၊ ယမ်းရှည် နဲ့ယမ်းပြားပါ။ ယမ်းလုံး ဆိုတာက- ကျောက်ရိုင်းတုံးရဲ့အခွံ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေးတွေက၊ သကြားပွင့် ဆားပွင့်လေးတွေလို ဖြစ်နေတာပါ။ အဲဒီ ကျောက်ဟာ အရည်ကောင်းပါတယ်။ ယမ်းရှည်ဆိုတာက- ကျောက်ရဲ့မျက်နှာပြင်မှာ အပ်ချောင်းလေးတွေလို၊ ဟင်းချိုမှုန့်ရှည်ရှည်လေးတွေလို မြင်ရတာပါ။ အဲဒါမျိုး တွေ့ရရင်တော့ အဲဒီကျောက်ဟာ အသားကောင်းပါတယ်။ ယမ်းပြား ဆိုတာကတော့- လက်လက် လက်လက် လေးတွေဟာ အရမ်းကြီး အရွယ်ကြီးနေမယ်။(ဆားပွင့်၊ သကြားပွင့်အရွယ်ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး။ ယမ်းပြားမှာကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ်။ (၁) ယင်ထောင်ယမ်း (၂) မာယားယမ်း (၃) ခွေးရိုးထိုး ဆိုပြီးပေါ့/ ယင်ထောင်ယမ်း ဆိုတာက- လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့။ ယင်ကောင် တစ်ကောင် အရွယ် ခန့်ရှိပါတယ်။ သူပါရင် အရည်အသား မကောင်းဘူး။ ဈေး အများကြီး မပေးသင့်ပါဘူး။ မာယားဆိုတာက- ယင်ကောင် အရွယ်ထက် ပိုကြီးမယ်။ ရှောင်ရပါမယ်။ ခွေးရိုးထိုး ဆိုတာကတော့ မာယားထက် အရွယ်ပိုကြီးတယ်။ သူ့ကိုတွေ့ရင် အဲဒီကျောက်ကို ရှောင်ရပါမယ်။ ယမ်းဆိုတဲ့ သဘာဝဟာ ကျောက်စိမ်း အရိုင်းတုံး ( မဖြတ်မှီ ) ရဲ့အခွံမှာ မြင်ရတဲ့အတိုင်း ကျောက်သားအတွင်းမှာ ရှိတတ်ပါတယ်။ ယမ်းကို ကျွမ်းကျင် ပိုင်နိုင်မယ်ဆိုရင်၊ ကျောက်ကို မခွဲမဖြတ်မှီ.. ပြင်ပ က ကြည့်ရုံနဲ့ပင်၊ အထဲက ကျောက်သားကောင်း မကောင်း ဖောက်ထွင်း သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ကျောက်စိမ်း အရိုင်းတုံး ဝယ်မယ်ဆိုလျှင် ကျောက်စိမ်းအခွံ အကြောင်းတွေကို သိဖို့လိုအပ်ပါတယ်။ ကျောက်စိမ်း အခွံဟာ အဓိကအားဖြင့် ရေခွံ နဲ့ ကုန်းခွံ ဆိုပြီး (၂) မျိုး ရှိပါတယ်။ အခွံရဲ့အရောင်တွေ ပေါ်မှာ မူတည်ပြီး အသေးစိတ် ကိုလည်း ရေးပါမယ်။ ရေခွံ = ကျောက်စိမ်း ထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင်များမှ ထွက်ရှိတဲ့ ကျောက်ရဲ့အခွံပါ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ်။ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ ပြောင်ချောနေပါတယ်။ ကုန်းခွံ = သူကတော့ တောင်တွေ၊ မြေကြီးတွေ အောက်က တူးလို့ရတဲ့ ကျောက်ရဲ့အခွံပေါ့။ (၁) မြေမှန် နဲ့(၂) ကုဋေကျောက် ဆိုပြီး ကွဲပါတယ်။ (၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ်။ အခွံ အမျိုးမျိုး ရှိပါတယ်။ (၂) ကုဋေကျောက် = ကျောက်ရဲ့အခွံ က အခွံမဲ ဖြစ်ပါတယ်။ ချော်ကပ်နေတတ်ပါတယ်။ ချော်ကပ်တယ် ဆိုတာ၊ ကပ်တရာစေး ကပ်နေသလို၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေပါတာကို ချော်ကပ် တယ် လို့ခေါ်တာပါ။ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းကုန်းတို့မှ အဓိက ထွက်ပါတယ်။ အခွံများမှာ သံချေးခွံ = သံထည်ပစ္စည်းများ သံချေး တက်နေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေတာပါ။ ဒီလို အခွံရှိရင် ကျောက်က မျိုးရင့်တတ်ပါတယ်။ အခွံကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ်တယ်လို့ သိရပါတယ်။ ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်းနဲ့ တူပါတယ်။ ကျောက်မျိုးကောင်းတတ်ပါတယ်။ သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို့အာလူးသီး အခွံ အရောင်ပ၊ သူလည်း မျိုးကောင်းတတ်ပါတယ်။ အင်္ဂတေခွံ = နာမည်အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သားပျက်တတ်ပါတယ်။ မျိုး မကောင်းတတ်ပါ။ ဖွဲနုခွံ = စပါးခွံ ဖွဲအရောင်မျိုး ဖြစ်ပါတယ်၊ အခွံက နုပါတယ်။ အခွံကို လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်ကြည့်ရင် နုပါတယ်။ ( ဒီနေရာမှာ ဝါးဖတ်ခွံ၊ ဖွဲနုခွံနဲ့ ဆက်လာမယ့် ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ မုံထုခွံ တို့ရဲ့အရောင်တွေဟာ၊ စာထဲမှာအရ တူညီနိုင်တာကို ဖတ်ရနိုင်ပါတယ်။ ဒါပေမယ့် အပြင်မှာ တစ်ကယ်လက်တွေ့ကျောက်ကို မျက်မြင်ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး၊ အခွံရဲ့မျက်နှာပြင်ကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် ) ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင်ပါပဲ။ အခွံကို စမ်းကြည့်ရင် အခွံက ကြမ်းပါတယ်။ ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ။ ဒီဖွဲနု၊ ဖွဲလတ်၊ ဖွဲကြမ်း သုံးမျိုးလို့ပြောပေမယ့် အရောင်က အတူတူပါပဲ၊ အခွံကို လက်ချောင်းလေးတွေ နဲ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ။ ဒီ ၃ မျိုးလုံးဟာ မျိုးရင့်ရင် ကျောက်အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ်။ မျိုးနုလျှင်တော့ အသား မရ တတ်ပါ။ ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ်။ မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ်။ မျိုးကောင်းတတ်ပါတယ်။ မုံထု ခွံကြွေ = လက်နဲ့ကိုင်ကြည့်လိုက်ရင် အခွံ အစအနလေးတွေ ပါလာမယ်။ မျိုးကောင်းတတ်ပါတယ်။ ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ်။ ခွံထူ = အခွံမှာ သိသိသာသာ ထူနေတတ်ပါတယ်။ အရည်အသား ကောင်းမကောင်းနဲ့တော့ မသက်ဆိုင်ပါ။ ခွံကျစ် = အခွံမှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ်။ အသားပျက်တတ်ပါတယ်။ ခွံပျက် = ကျောက်တစ်တုံးထဲရဲ့တစ်နေရာမှာ အခွံတစ်မျိုး၊ အခြားနေရာမှာ အခွံတစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပါတယ်။ အသားပျက်တတ်ပါတယ်။ ဒါကတော့ အခွံများရဲ့သဘော သဘာ၀ အကြောင်းပါ ။ ရေမဆေး ကျောက်ဆိုတာမျိုးကို ဝယ်တော့မယ်ဆိုရင် ၊ သူ့ရဲ့အခွံလေးကို နဲနဲ ပွတ်တိုက်ကြည့်၊ ပွတ်သပ်ကြည့်ပြီးမှ သေချာ လေ့လာဝယ်ယူရပါတယ်။ ကျွန်တော် သိထား၊ လေ့လာထားသမျှလေးတွေကို ပြန်ဝေမျှ ပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လဲ ဒီပို့စ်လေး ဖတ်ပြီး ဗဟုသုတ ရရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း…… ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Credit–Myanmar Market Economy

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top