မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

မျောရွှေအကြောင်း

20 Nov 2023

မျောရွှေဆိုသည်မှာ မြစ်ကြမ်းပြင်တွင် သဲများ၊ ကျောက်များ အပါအဝင် မြစ်ကြမ်းပြင်တွင်ရှိသော အရာများကို စက်များနှင့် စုပ်ယူပြီး မြက်အတုပုံစံ သို့မဟုတ် အရပ်အခေါ် ကတ္တီပါ အစအပေါ်တွင် လောင်းချပြီး ပါရှိလာသော အရာများထဲမှ ရွှေမှုန်ရွှေစများကို ပြန်လည် စစ်ယူခြင်းကို မျောရွှေ ဟုခေါ်ခြင်း ဖြစ်ပါသည်။ ထိုစစ်ထုတ်လိုက်သော အရာများထဲတွင် ပါလာသော ရွှေကို ဓာတုပစ္စည်း ပြဒါးကို အသုံးပြုပြီး ရွှေဖမ်းယူခြင်းဖြစ်ပါသည်။ ရွှေဖမ်းယူပြီးနောက် မလိုအပ်သောအနည်များအပါအဝင် စွန့်ပစ်မြေစာပုံများကို ချောင်းအတွင်း ပြန်ချခြင်း သို့ မဟုတ် ချောင်းဘေးတွင် စုပုံထားခြင်းမျိုး ဖြစ်ပါသည်။ မျောရွှေလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တည်ရှိသော ဥရုချောင်းမြစ်ထဲတွင် အများဆုံးတူးဖော်လုပ်ကိုင်ကြပါ သည်။ ၂၀၁၅ ခုနှစ်မှစ၍ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုချောင်းထဲတွင် ကန့်သတ်နေရာ အနည်းငယ်မှာပင် မျောရွှေလုပ်ငန်း လုပ်ကိုင်ရန် လုပ်ငန်း ၄၇ ခုကိုသာ ခွင့်ပြုထားသော်လည်း ယခုအခါတွင် တရားမဝင် မျောရွှေလုပ်သူရာချီရှိသလို မျောဖောင်များသည်လည်း အရင်ကထက် များပြားစွာ ရွှေထုတ်ခြင်း လုပ်ကိုင်ခြင်းတွေရှိကြသည်ဟု ဒေသခံများမှ ဆိုကြပါသည်။ မျောရွှေများသည် ရွှေထွက်ရှိရာ ဒေသများမှ မြစ်ချောင်းများတွင် လက်လုပ်လက်စား တစ်နိုင်တစ်ပိုင် ဒေသခံများမှ အစ တရားဝင်မျောလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများကပါ ရွှေမျောတိုက်ပြီး ရွှေကို ကျင်ယူခြင်းဖြင့်ရရှိလာသော ရွှေကို မျောရွှေဟု သတ်မှတ်ကြပါသည်။ ရွှေကျင်သည့်အခါ ယမနေသားနှင့် ပြုလုပ်ထားသော ပေါ့ပါးလှသည့်ကျင်ခွက်ကို အသုံးပြုကြပြီး ကျင်ခွက်ထဲတွင် ရွှေမှုန်အချို့ကို မြင်ရတတ်သလို့ တစ်ချို့ကို မမြင်နိုင်ပေ။ ထို့ကြောင့် မမြင်ရသော ရွှေမှုန်များကို ပြဒါးနှင့်စုပြီး ဖမ်းကြခြင်းဖြစ်ပါသည်။ စုထားသော ပြဒါးရည်ကို ပိတ်စအပါးနှင့် ပြန်စစ်ပြီး ပြန်ညှစ်ယူကြပါသည်။ ထိုအခါ ရွှေမှုန်လေးများကို ပြဒါးက ငုံထားသောအတွက် ပြဒါးအရောင်ပဲ မြင်ကြရပါသည်။ ထိုအရာကို အပူပေးပြီး ပြဒါးကိုမှုတ်လိုက်သည့်အခါ ပြဒါးများသည် လွှင့်စင်သွားသောကြောင့် ရွှေကို ရရှိခြင်းဖြစ်ပါသည်။ #Credit-uhtongoldsmith

Back to Top