မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ကျောက်ရွှေအကြောင်း

20 Nov 2023

ကျောက်ရွှေဆိုသည်မှာ ရွှေသတ္တုသိုက်ပေါ်မူတည်ပြီး ကျောက်များထဲတွင် ကပ်လျှက်ရှိသော ရွှေကို ဆိုလိုပါသည်။ ထို့ကြောင့် သတ္တုသိုက်တွင်ရှိသော ကျောက်များကို ထုခွဲပြီး သတ္တုကြောကို လိုက်၍ တူးဖော်ခြင်းမှ တဆင့်ရရှိလာသော ရွှေအမျိုးအစားဖြစ်ပါသည်။ ကျောက်ရွှေကို သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက်ဒေသများတွင် အများအပြားတွေ့ရှိရပြီး ရွှေကြောရှိသော နေရာတွင် ကျောက်ဖယောင်း၊ ကျောက်ကုလား (သို့မဟုတ်) ကျောက်မဲ၊ သလင်းပွ၊ သလင်းကျစ်များ ပေါများစွာတွေ့ရသောကြောင့် ရွှေသမားများသည် ကျောက်ဖ ယောင်း မည်သည့်နေရာတွင် ပေါများစွာ တွေ့ ရှိရသလဲဆိုသည်ကို မူလပထမ လိုက်ရှာလေ့ရှိ ကြသည်။ ကျောက်ဖယောင်းဟု အမည်ပေးထားသည့်အတိုင်း အဆိုပါ ကျောက်ဖယောင်းသည် ပြင်ပဖယောင်းသားကဲ့သို လွန်စွာနူးညံ့ပြီး အဆီဓာတ်ရှိသည်။ မြေအောက်ထဲရှိ ကျောက်သားထုများ၊ ပြတ်ရွေ့ကြောများ အချင်းချင်းပွတ်တိုက်ရာတွင် ကျောက်ဖယောင်းသည် ချောဆီကဲ့သို့ ကျောက်သားထုများကြား ပွတ်တိုက်မှု ချောမွေ့အောင် လုပ်ဆောင်ပေးသည့် ကျောက်သားအပွတစ်မျိုးဖြစ်ပြီး လက်ဖြင့်ဖဲ့ချေ၍ ရသည်အထိ နူးညံ့သည်။ ကျောက်ဖယောင်းပြီးလျှင် တွေ့ရမည်မှာ ကျောက်ကုလားဟု ခေါ်ဆိုကြသည့် အမည်းရောင် ကျောက်အမာ တစ်မျိုးဖြစ်ပြီး မာကျောမှု လွန်စွာမြင့်မားလှသည်။ ရွှေတွင်းတူးဖော်ရာတွင် အဆိုပါ ကျောက်ကုလားကို ယမ်းဖြင့် ဖောက်ခွဲရပြီး ယမ်းဖောက်ရန်အတွက် အဆိုပါ ကျောက်ကုလား ကျောက်သားထုထဲသို့ သုံးပေ – လေးပေခန့်ရှိ အပေါက်များကို ဂန်းဖြင့် ဖောက်ရသည်။ တစ်ခါတစ်ရံတွင် ဂဟေဆော်သည့်အလား မီးပွင့်များ ဖြာထွက်သည်အထိ မာကျောလှသော ကျောက်အမျိုးအစား တစ်ခုဖြစ်သည်။ ကျောက်ကုလားပြီးနောက် တွေ့ရမည်မှာ သလင်းပွ ဟုခေါ်ဆိုသည့် ကျောက်အဖြူတစ်မျိုးဖြစ်သည်။ ကြည်လင်သော အဆင်းရှိပြီး သိပ်သည်းဆ နည်းပါး သောကြောင့် အလွယ်တကူ ချေမွနိုင်သည်။ သလင်းပွကျောက်များကို တွေ့ရှိသော်လည်း ရွှေပါဝင်သော သလင်းကျစ်ကျောက်များကို အုံနှင့်ကျင်းနှင့် တွေ့ရှိသည်အထိ မြေအောက်တွင် ဆက်လက်တူးဖော်ပြီးမှသာ ကျောက်ရွှေအမျိုးအစားကျောက်များ မှတဆင့် ရွှေရရှိမည်ဖြစ်သည်။ #Credit-uhtongoldsmith

Back to Top