မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

Tiger ‘s EYE ကျောက်မျက်အကြောင်

20 Nov 2023

Tiger’s Eye ကျောက်မျက်ကို “ကျားမျက်လုံး” ဟု တင်စားခေါ်ဝေါ်ကြပြီး အရောင်အမျိုးမျိုးရှိတတ်ကြကာ အများအားဖြင့် နီညိုရောင်ကျောက်ထဲတွင် ရွှေ‌ မျှင်များဖြင့် ရောယှက်ထားသည့် အဆင်းသဏ္ဍာန် ရှိပါသည်။ ကျောက်မျက်၏မာကျောမှု စကေးအနေဖြင့် ၆.၅ မှ ၇ အတွင်းရှိသည့် ကျောက်တစ်မျိုးဖြစ်ပါသည်။ ‌Tiger’s Eye ကျောက်မျက်ကို အဓိကအားဖြင့် တောင်အာဖရိကနှင့် အနောက်ဩစတေးလျတို့တွင် အဓိကတူးဖော်တွေ့ရှိရတတ်သည်။ Tiger’s Eye ၏ အဓိပ္ပါယ်မှာ မိမိကိုယ်ကိုယုံကြည်မှုရှိပြီး အတွင်းစိတ်ခွန်အားပေးခြင်းဟု အဓိပ္ပါယ်ရသည်။ ရှေးယခင်က Tiger’s Eye ကျောက်မျက်ကို ကျိန်စာများပယ်ရှားရန် အသုံးပြုခဲ့ကြပြီး ရွှေထက်အဖိုးတန်သည့် ကျောက်မျက်အဖြစ် တန်ဖိုးထားခဲ့ကြပါသည်။ ၎င်းကျောက်မျက်သည် မိမိအပေါ် ကျိန်စာတိုက်ခြင်း၊ မကောင်းကြံခြင်းတို့အတွက် ကောင်းမွန်သည့် အဆောင်ကောင်းတစ်ခုအဖြစ် သတ်မှတ်ကြပြီး ယုံကြည်ဝတ်ဆင်လေ့ရှိကြသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာများကိုလည်း လျင်မြန်စွာသက်သာပျောက်ကင်းစေနိုင်သည့် စွမ်းအင်သတ္တိရှိသည်ဟုလည်း ယုံကြည်ကြသည်။ ရှေးယခင် ရောမခေတ်ကတည်းကပင် တိုက်ပွဲဝင်စစ်သည်များ၏ အကာအကွယ်အဆောင်လက်ဖွဲ့တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်ဟု သမိုင်းသုတေသနပညာရှင်များက ဆိုသည်။ ကျန်းမာရေးရှုထောင့်အနေဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ စိတ်ထိခိုက်လွယ်သည့် ပြဿနာရှိသူများအတွက် မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ပေးနိုင်သည့် ဂုဏ်သတ္တိရှိသည့်အပြင် အနုတ်လက္ခဏာဆောင်သည့် အတွေးအမြင်များကိုဖယ်ရှားနိုင်သည့် ကျောက်မျက်တစ်မျိုးလည်းဖြစ်သည်ဟု စိတ်ကျန်းမာရေးသုတေသီများက အဆိုပြုထားပါသည်။ ထို့အပြင် Tiger’s Eye သည် Gemini ရာသီခွင်အတွက် Birthday Stone ဖြစ်သည့်အပြင် Capricorn နှင့် Leo ရာသီခွင်များအတွက်လည်း Lucky Stone အဖြစ်သတ်မှတ်ကြသည်။ ကျောက်၏ အရောင်မှာလည်းတောက်ပပြီးဆွဲဆောင်မှုရှိသည့်အတွက် လက်ကောက်များ၊ ဆွဲသီးများနှင့် လက်စွပ်များကဲ့သို့ သာမန်လက်ဝတ်ရတနာများအဖြစ်အသုံးပြုခြင်းအပြင် ပုတီးမှစ၍ အခြားလူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသည်အထိ ရေပန်းစားသည့် ကျောက်မျက်တစ်မျိုးလည်းဖြစ်ပါသည်။ ထို့အပြင် အိမ်နှင့် ရုံးခန်းအတွင်း အလှဆင်သည့်အဆောင်တစ်ခုအနေဖြင့်လည်း အသုံးပြုလေ့ရှိကြသည်။ အရေးကြီးသည့်အချက်မှာ မိမိအသုံးပြုသည့် Tiger’s Eye ကျောက်မျက်ကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် Tiger’s Eye ကျောက်မျက်၏ စွမ်းအင်သတ္တိကိုပိုတိုးစေသောကြောင့် ရေနွေးလေးဖြင့် မကြာခဏ သန့်ရှင်းစင်ကြယ်ပေးသင့်ပါသည်။ အထက်ပါ အကြောင်းအရာလေးသည် Tiger’s Eye (ကျားမျက်လုံး) ဟုခေါ်သော ကျောက်မျက်အကြောင်းလေးဖြစ်ပြီး တွင်းထွက်ကျောက်များနှင့်ပတ်သက်ပြီး လေ့လာနေသူများအတွက် ဗဟုသုတ အကျိုးရရှိစေရန် အလို့ငှာ တင်ဆက်ပေးလိုက်ပါသည်။ Credit-uhtongoldsmith

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top