မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

February Born လေးတွေအတွက် Lucky Birthstone Amethyst (ခေါ်) ခရမ်းစွဲကျောက်

20 Nov 2023

February Born လေးတွေအတွက် Lucky Birthstone Amethyst (ခေါ်) ခရမ်းစွဲကျောက် Amethyst လို့အမည်တွင်တဲ့ ခရမ်းစွဲကျောက်ဟာ ခရမ်းရောင်အရောင်လင်းပြီး ကမ္ဘာအနှံအပြားတွင် တွေ့နိုင်သည်။ အများအားဖြင့် အရည်အသွေးမြင့် Amethyst ကို ဆိုက်ဘေးရီးယား၊ သီရိလင်္ကာ၊ ဘရာဇီး၊ ဥရုဂွေးနှင့် အရှေ့ဖျားဒေသများတွင် တွေ့ရနိုင်သည်။ ခရမ်းရောင်၊ အနီရောင် နှင့် အပြာရောင်ရောစပ်မှုတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် ခရမ်းရောင်ကို ၇၅ မှ ၈၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် အများဆုံးတွေ့ရသည်။ ကျောက်၏အလင်းရောင်ပေါ်မူတည်၍ အပြာရောင် သို့မဟုတ် အနီရောင် အဖြစ် တစ်ခါတစ်ရံတွေ့ရနိုင်သည်။ တူညီသော ကျောက်တုံး၌ပင် ကျောက်အလွှာများကြောင့် အရောင်ကွဲများ ဖြစ်တတ်သည်။ Amethyst အမည်သည် ရှေးဟောင်းဂရိဘာသာမှ ဆင်းသက်လာပြီး မက်သွတ်စ် ဟူသောအမည်မှ ဆင်းသက်လာသည်။ Amethyst ကျောက်ကို လွန်ခဲ့သော ဘီစီ ၂၀၀၀ ဝန်းကျင်လောက်ကတည်းကပင် လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်အသုံးပြုခဲ့ကြောင်း သုတေသနပညာရှင်များ၏ လေ့လာမှုအရ သိရသည်။ ရှေးဂရိနှင့် ရောမတို့၏ ဒဏ္ဌာရီအဆိုများအရ Bacchus အမည်တွင်သော နတ်ဘုရား၏ အဆိပ်အတောက်ဖြစ်‌စေသောစွမ်းအားများကို Amethyst သည် တားဆီးနိုင်ပြီး ဝတ်ဆင်ထားသောလူကို ရောက်လာမည့်အန္တရာယ်များမှ ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြသည်။ Amethyst ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အဖိုးအတန်ဆုံးကျောက်မျက်ရတနာတစ်ခုအဖြစ် သတ်မှတ်ကြသည်။ ကိုးကွယ်ယုံကြည်မှုအရ ရှေးခေတ်နတ်ဘုရားများအတွက် အထိမ်းအမှတ်အဖြစ် အထူးပြုလုပ်ထားသည့် ကျောက်မျက်ရတနာများထဲမှ တစ်ခုအဖြစ်သတ်မှတ်ပြီး စိန်နှင့် ဆင်တူသည်ဟု ယူဆကာ ထုလုပ်ကိုးကွယ်ပူဇော်ခဲ့ကြသည်။ Amethyst ကျောက်သည် ကမ္ဘာ့အပေါ်ယံအလွှာတွင် တွေ့ရသည့် ဒုတိယအပေါများဆုံးပစ္စည်းဖြစ်သော Quartz ဖြင့် ဖွဲ့စည်းထားသည်။ Amethyst ၏ ခရမ်းရောင်ကို ဓာတ်ရောင်ခြည်၊ သံအညစ်အ‌ကြေးများနှင့် ဒြပ်စင်များမှ ရရှိသည်။ ၎င်း၏မာကျောမှု (Mohs စကေး ၇) ရှိသည်။ အခြား သလင်းကျောက်များနှင့်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် အခြားကျောက်မျက်ရတနာများကဲ့သို့ပင် ၎င်းသည် ကြာရှည်ခံပြီးရေရှည်ခံနိုင်သော ရွေးချယ်စရာတစ်ခုဖြစ်သည်။ Amethyst ကို ဝတ်ဆင်ခြင်းအားဖြင့် များပြားသော အကျိုးများရှိလိမ့်မည်ဟု လူအများက ယနေ့တိုင် လက်ခံယုံကြည်ကြသည်။ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် မိမိအပေါ် မကောင်းသောအကြံအစည်များမှ ဖယ်ရှားရန် စသည့် အကျိုးကျေးဇူးများရှိသည်ဟု ဆိုကြသည်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ ရဲစွမ်းသတ္တိနှင့် ခွန်အားစသည့် အခြားအရည်အသွေးများကိုလည်း ဤကျောက်မျက်မှ ရရှိသည်။ ကျောက်မျက်ရတနာတိုင်းမှာ ထူးခြားတဲ့စွမ်းအင်များရှိပြီးသားဖြစ်တဲ့အတွက် ဝတ်ဆင်ဖို့ရွေးချယ်ကြမယ်ဆိုရင် မိမိ၏ မွေးလအလိုက် Birthstone များ အပေါ်မှုတည်၍ ရွေးချယ်ဝတ်ဆင်မယ်ဆို ပိုပြီးအကျိုးရှိစေမှာမို့ ဖေဖော်ဝါရီလဖွား ‌မွေးနေ့ရှင်များအနေနဲ့ Amethyst ကျောက်လေးကို ဝတ်ဆင်ကြဖို့မမေ့ပါနဲ့နော်။ ၎င်းဟာ အလှအပအတွက် တန်ဖိုးရှိရုံသာမက ဝတ်ဆင်သူနှင့် လိုက်ဖက်‌သော တင့်တယ်မှုကိုလည်း ရရှိစေတဲ့အတွက် မိမိ စိတ်ကြိုက်ဒီဇိုင်းဖန်တီးပြီး ကိုယ့်ရဲ့ Birthstone လေးကို ဝတ်ဆင်ကြရအောင်နော်။

Back to Top