မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

March Born လေးတွေအတွက် Lucky Birthstone aquamarine(ခေါ်) စလင်းစိမ်း

20 Nov 2023

March Born လေးတွေအတွက် Lucky Birthstone aquamarine(ခေါ်) စလင်းစိမ်း Beryl အုပ်စုဝင် ကျောက်မျက်ထဲမှာ emerald (မြ) ပြီးရင် aquamarine (မြပြာ) ဟာ လူသိများပါတယ်။ မြပြာရဲ့ ပြာလဲ့လဲ့ အရောင်လေးဟာ မျက်စိအေးစေပြီး စွဲမက်ဖွယ်ကောင်းပါတယ်။ ကျောက်ရဲ့ မာဆင့်က (၇.၅) ပါ။ Latin ဘာသာစကား aqua , marinus - Water of the sea မှ ဆင်းသက်လာပြီး ပင်လယ်ရေလို့ အဓိပ္ပါယ်ရပါတယ်။ ကျောက်ရဲ့ အရောင်ဟာ တော်ဝင်ဆန်ပြီးပင်လယ်ရဲ့အရောင်နဲ့ တူတဲ့အတွက်ကြောင့် ထိုသို့ အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံဓာတ်ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး ကျောက်ရဲ့အရောင်က အပြာဖျော့ရောင်မှ အရောင်ရင့်ရင့် ပင်လယ်ပြာရောင်အထိ အမျိုးမျိုး ကွဲပြားပါတယ်။ Aquamarine ရဲ့အရောင်က ပိုမိုစူးရှထင်ရှားလေလေ တန်ဖိုးကြီးမားလေလေပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ဆူမားရီးယားလူမျိုး၊ အီဂျစ်လူမျိုး၊ ဂရိလူမျိုးနှင့် ရောမလူမျိုးတွေဟာ မြပြာကို ရေသူမရဲ့ ရတနာလို့ ယုံကြည်ကြပြီး ပင်လယ်ထဲ ဖြတ်သန်းသွားလာတဲ့အခါ အဆောင်ကျောက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ သင်္ဘောသားများ ပင်လယ်ထဲ ထွက်ခွာတဲ့အခါ ဘေးအန္တရာယ် ကင်းရှင်းစေပါတယ်။ မြပြာကျောက်ဟာ ဒေါသမီးတွေကို ငြိမ်းအေးစေပြီး စိတ်နှလုံးကို အေးချမ်းစေပါတယ်။ စိတ်ဒဏ်ရာတွေကို ကုစားပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ ဉာဏ်အမြင်ကို စူးရှထက်မြတ်စေတယ်။ထာဝစဉ်နုပျိုတဲ့ အချစ်နဲ့ ညီညွတ်မျှတစေခြင်းကို ကိုယ်စားပြုတယ်။ (၁၉) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အခမ်းအနား သင်္ကေတတစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ Location -ထွက်ရှိရာဒေသများ... Sri Lanka , Cambodia, Zambia, Madagascar, Malawi, Myanmar, Tanzania, Brazil, Kenya နိုင်ငံတို့ပဲဖြစ်ပါတယ်။ အရည်အသွေး(Quality )အကောင်းဆုံး Aquamarine များသည် Brazil နိုင်ငံမှထွက်ရှိပါသည်။ Similar Stones-ဆင်တူယိုးမှားကျောက်မျက်များ Blue topaz နဲ့ဆင်တူပြီး ကွာခြားချက်မှာ Blue topaz သည် colorless topaz ကို radiant ပြုလုပ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းနှင့် ရှားပါး‌ဂုဏ်ကွာခြားပါသည်။ blue zircon နှင့်လဲခပ်ဆင်ဆင်တူပါသည်။ နောက်ဆက်တွဲအချက်အလက်များ- Light blue to blue-green Aquamarineတွေဟာ ပြင်းထန်တဲ့နေရောင်အောက် ( prolonged exposure to light) တွင် အရောင်ဖျော့သွားတတ်ပါသည်။ Beryl အုပ်စုချင်းတူပေမဲ့ မြ(emerald) နဲ့မတူတဲ့အချက်က Aquamarine သည် အစင်အသန့် (flawless) အနေအထားမျိုးဖြင့်တွေ့ရနိုင်ပါသည်။ Aquamarine (မြပြာ)အား ချက်ကျောက်အတုအပ(Synthetic Aquamarine) ပြုလုပ်ရာတွင် စရိတ်စက လွန်စွာများပြားမှုကြောင့် မြပြာချက်ကျောက်အတု (Synthetic) မတွေ့ရှိနိုင်ပါ။

Back to Top