မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

April Born လေးတွေအတွက် Lucky Birthstone Diamond (ခေါ်) စိန်

20 Nov 2023

April Born လေးတွေအတွက် Lucky Birthstone Diamond (ခေါ်) စိန် Bith Stone - April Zodiac- Aries & Taurus ဧပြီလဖွားမွေးနေ့ရှင်လေးတို့အတွက် Birthstone လေးကတော့ “Birthstone Of The Kings” လို့တောင် တင်စားခေါ်ဝေါ် ကြပြီး အားလုံးတန်ဖိုးထားလိုချင်ကြတဲ့ Diamond (စိန်) လေးပဲဖြစ်ပါတယ်နော်။ ကျောက်မျက်ရတနာအားလုံးမှာ တန်ဖိုးရှိမှုနဲ့ လှပတင့်တယ်မှုကိုယ်စီ ရှိကြသလိုပဲ Diamond (စိန်) လေးမှာလည်း မိမိရဲ့ထူးခြားတဲ့ ကိုယ်ပိုင်အဆင်းသဏ္ဍာန်အရ လှပတင့်တယ်မှုနှင့်အတူ အခြားကျောက်မျက်ရတနာတွေထက် ပိုမိုတန်ဖိုးရှိမှုနဲ့ လူအများကိုဆွဲဆောင်နိုင်စွမ်းက အခြားကျောက်တွေထက် ပိုတယ်လို့ပြောရင် မှားမယ်မထင်ပါဘူးနော်။ လူအများစုက စိန်များဟာအဖြူရောင် သို့မဟုတ် အရောင်မရှိဘူးလို့ ထင်ကြပေမယ့် တကယ်တမ်းတော့ စိန်လေးတွေမှာ သက်တန့်ရောင်‌စုံအရောင်တွေ၊ အညိုရောင်၊မီးခိုးရောင်နဲ့အဖြူရောင် စသည်ဖြင့် အရောင်အသွေး စုံလင်စွာရှိပါတယ်နော်။ အဝါရောင် သို့မဟုတ် Conroy ရောင်စုံစိန်များကိုတော့ အများဆုံးတွေ့ရပြီး အပြာရောင်၊ ပန်းရောင်၊ အနက်ရောင် နှင့်အစိမ်းရောင် အရောင်အသွေးရှိသော စိန်များမှာ ရှားပါးလှပါသည်။ စိန်များသည် သဘာဝအရ ကျောက်မီးသွေးကဲ့သို့သော အနက်ရောင်နှင့် မှောင်မိုက်ခြင်းကဲ့သို့သော အရာတစ်ခုသည် လှပသောစိန်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်မှာ အံ့ဩသင့်ဖွယ် ကောင်းလှသည်။ စိန်နဲ့ပက်သတ်သော ဒဏ္ဍာရီယုံတမ်းစကားနဲ့ ယုံကြည်ယူဆချက်များစွာရှိပါတယ်။ ရှေးခေတ်ဂရိလူမျိုးများက စိန်များသည် ကမ္ဘာပေါ်သို့ပြိုကျလာသော ကြယ်များ၏အခွဲဖြစ်သည်ဟု ဆိုကြသည်။ ရှေးဟောင်း ယဉ်ကျေးမှု လေ့လာသူများရဲ့အဆိုကတော့ စိန်သည် နတ်ဘုရားတို့၏ မျက်ရည်ဖြစ်သည်ဟု ဆိုကြသည်။ မသေနိုင်သောကျောက် တနည်းအားဖြင့် စိန်များသည် ထာဝရရှိသည်ဟု ယုံကြည်ကြသည်။ သမိုင်းဆိုင်ရာ စာများအရ စိန်ကို လျှပ်စီးသံနဲ့ပြုလုပ်ခဲ့ကြတယ်လို့ ဆိုခဲ့ကြပါတယ်။ ယနေ့ခေတ်သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုအရ သဘာဝစိန်အများစုသည် မြင့်မားသောဖိအားအောက်နှင့် ကမ္ဘာမြေကြီး၏နက်ရှိုင်းသော အပူချိန်တွင်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ယူဆထားကြသည်။ ‌မည်သို့ပင်ဖြစ်ပါစေ စိန်များသည် ကမ္ဘာပေါ်တွင် အမာကျောဆုံး သဘာဝအရာဝတ္ထုများဖြစ်ကာ နှစ်ပေါင်းထောင်ချီ တည်ရှိနေခဲ့ကြသည်က အမှန်ပင်ဖြစ်သည်။ ဧပြီလဖွားမွေးနေ့ရှင်တို့အတွက်ပင် မကပဲ စိန်များကို ဝတ်ဆင်ခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးတွင် ပိုမိုပျော်ရွှင်ပြီး အလုပ်အကိုင်များပိုမိုအဆင်ပြေစေသည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့်စိန်များသည် ကြွယ်ဝချမ်းသာမှုကို တိုးမြင့်စေသည်ဟု လက်ခံကြသည်။ စိန်သည် ထာဝရချစ်ခြင်း၏ အမှတ်အသား‌ သင်္ကေတတစ်ခုလည်းဖြစ်သည်။ မင်္ဂလာဆောင်များနှင့် စေ့စပ်မင်္ဂလာအခမ်းအနားများတွင် စုံတွဲများက စိန်ဖြင့် လက်စွပ်များ ပြုလုပ်ခြင်းများဖြင့် မိမိတို့၏ချစ်ခြင်းမေတ္တာကို ပြသကြသည်။ ထူးခြားစွာဖြင့် စိန်များသည် ထူးကဲသောကုသနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ စိန်များသည် ဦးနှောက်နှင့် Pituitary Gland နှင့် ဆက်စပ်ရောဂါများကို ကုသနိုင်သည်ဟုဆိုကြသည်။ စိန်များသည် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် စိန်များသည် ဧပြီလဖွားမွေးနေ့ရှင်တို့အတွက် Birthstone တစ်ခုဖြစ်ရုံသာမကဘဲ သင်ချစ်မြတ်နိုးရတဲ့သူများအတွက် မိမိရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ရန်အတွက် အံ့ဩသင့်ဖွယ်အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်တယ်ဆိုတာ အားလုံးငြင်းမယ်မထင်ပါဘူးနော်။

Back to Top