မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

June Born လေးတွေအတွက် Lucky Birthstone Moonstone (ခေါ်) မျောကျောက်မျက်

10 Nov 2023

June Born လေးတွေအတွက် Lucky Birthstone Moonstone (ခေါ်) မျောကျောက်မျက် Birth Stone - June Zodiac- Gemini & Cancer မျောကျောက်မျက်သည် ကြွေကျောက်အုပ်စုအတွင်း ပါဝင်သော ရောင်ပြေးပါသည့် ပိုတက်ဆီယမ် နှင့် အလူမီနီယမ် ဆီလီကိတ်တွင်းထွက် ဖြစ်သည်။ မျောကို ဆွစ်ဇလန်နိုင်ငံရှိ ‘Adular’ တောင်ပတ် ဝန်းကျင်တွင် စတင် တူးဖော်ရရှိခဲ့သည်ကို အစွဲပြု၍ ‘adularia’ ဟုလည်းခေါ်ဆိုလေ့ရှိကြသည်။ မျောကျောက်မျက်သည် ၎င်း၏ရွေ့လျားနေသော အလင်းတန်း (သို့) အခိုး (sheen) ဟုခေါ်သော ရောင်ပြေးကြောင့် အလွန်ထင်ရှားကျော်ကြားသည်။ မျော ကျောက်မျက်အတွင်း ဖွဲ့စည်းထားသော အော်သိုကလေ့နှင့် အယ်လ်ဘိုက်အလွှာများ တစ်လှည့် စီဖြစ်ပေါ်နေမှုကြောင့် ‘shiller’ (သို့) ‘adularescence’ ဟူသော အလင်းပြန်မှု များဖြစ်ပေါ် လာပြီး အလွန်လှပဆန်းကျယ်သော အသွင် ပြင်ကို မြင်တွေ့ရသည်။ ‘Adularescence’ သည် လွင့်မျောနေသော တိမ်တိုက် (သို့) အဖြူရောင် နှင့် အပြာရောင် အလင်းတန်း များအဖြစ်မြင်တွေ့ရသည်။ မျောကျောက်မျက်တွင် အပြာခိုးသည် အယ်လ်ဘိုက် အချပ်အောင်းဝင်လေးများ အရွယ်စား သေးငယ်မှု ကြောင့်ဖြစ်ပေါ်လာပြီး အယ်လ် ဘိုက်အချပ် အောင်းဝင်များ အရွယ်စားကြီးမားပါက အဖြူခိုးကို ဖြစ်ပေါ်စေသည်။ ကြောင်မျက်လုံး ကဲ့သို့အလင်းပြန်မှု ရှိသောမျောနှင့် လေးကြိုး ရှိသော မျောတို့မှာလည်း ကျော်ကြားပြီး နှစ်လိုဖွယ် ကောင်းသော လရောင်ကဲ့သို့ အလင်းပြန်နေသည့် ကျောက်မျက်သဖွယ် မြင်တွေ့ရသည်။ မျော ကျောက်မျက်သည် အဖြူရောင်၊ အဝါရောင်၊ အညိုရောင်၊ အစိမ်းရောင် နှင့် အပြာရောင် စသည်ဖြင့် အရောင်များစွာ ရှိသည်။ ထိုအရောင်ကွဲများထဲမှ အပြာခိုးနှင့် ရွှေခိုးသမ်းသည့် သန့်စင်သော၊ အောက်ခံကျောက် အရောင်ကြည်လင်သော ကျောက်များမှာ တန်ဖိုးအကြီးဆုံးဖြစ်သည်။ သီရိ လင်္ကာနှင့် အိန္ဒိယတို့မှထွက်ရှိသည့် အပြာရောင်မျောသည်လည်း ရှားပါးသောကြောင့် တန်ဖိုးကြီး သည်။ တန်ဖိုးအကြီးဆုံးဖြစ်သည့် အရောင်မဲ့သော၊ အလင်းပေါက်သော၊ အပြာခိုး အလွန် ထင်ရှား ပေါ်လွင်သည့် မျောများကိုရှေးယခင်ကတည်းက မြန်မာနိုင်ငံ မှတူးဖော်ရရှိခဲ့သည်။ ၁၄၅ကာရက် ခန့် ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့်မျောကို တန်ဇနီးယားနိုင်ငံရှိ ‘Kilimanjaro’ တောင်မှ ၁၉၁၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ အခြားသောမျောထွက်ရှိရာ ဒေသများမှာ ဘရာဇီး၊ နော်ဝေ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနှင့် မဒါဂက်စကာတို့ ဖြစ်သည်။ ရှေးယခင်က ဂရိနှင့် ရောမတို့တွင် မျောကျောက်မျက်သည် လရောင်မှ ဖြစ်ပေါ်လာသောကျောက်မျက် အဖြစ်ယူဆကြပြီး မှော်ဆန် သော အစွမ်းသတ္တိနှင့် အနာရောဂါများကို ကုသနိုင်သော စွမ်းရည်များရှိသည်ဟု ယုံကြည်ကြသည်။ မျောကျောက်မျက်သည် ၃နှစ်ပြည့် နှစ်ပတ်လည် အတွက်အသုံးပြုကြသည်။ ထို့အပြင် ဇွန်လဖွား တို့၏အဆောင် ကျောက်လည်းဖြစ်ပြီး မေထုန်ရာသီဖွားနှင့် ကရကဋ်ရာသီဖွားတို့အတွက် အလွန် သင့်တော်သော ကျောက်မျက်ရတနာ တစ်ပါးလည်းဖြစ်ပါသည်။

Back to Top