မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ရွှေဝင်လာဘ်ဝင် အခေါက်‌ရွှေဖီချူး (Pi xiu) ဖီချူးဆိုတာဘာလဲ?

10 Nov 2023

ရွှေဝင်လာဘ်ဝင် အခေါက်‌ရွှေဖီချူး (Pi xiu) ဖီချူးဆိုတာဘာလဲ? ဖီချူး (Píxiū) ဆိုတာ တရုတ်ဒဏ္ဍာရီလာ နဂါးဦးခေါင်းနဲ့ ခြင်္သေ့ခန္ဓာကိုယ် ရှိတဲ့သတ္တဝါဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာတော့ ချိုက်မဲရာ (Chimera) လို့လဲသိကြပါတယ်။ ကြီးမားတဲ့ ပါးစပ်ကြီးတွေပိုင်ဆိုင်ထားပြီး သူဟာ ကံကောင်းခြင်းတွေ ၊ ချမ်းသာကြွယ်ဝခြင်းတွေကို ယူဆောင်လာပေးတဲ့ လာဘ်ကောင်လေးဖြစ်တဲ့အပြင် မကောင်းတဲ့အရာတွေ‌ကိုနှိမ်နင်းနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ဖီချူးလေးတွေက ခက်ထန်ကြမ်းတန်းပေမဲ့လဲ အပျင်းကြီးကြပါတယ်။ သူတို့ကို မကြာခနကျောပွတ်ပြီးနှိုးပေးရပါမယ်။ နောက်ပြီး ကိုယ်ဝတ်ထားတဲ့အချိန် သူများပေးမကိုင်သင့်ပါဘူးနော်။ “ငါက မင်းအရှင်သခင်” လို့ပြောပြီး ဖီချူးကို ကိုယ်ပိုင်ကြောင်းပြောထားသင့်ပါတယ်။ သူများ လာကိုင်ရင်တော့ ရေနဲ့ပြန်သန့်စင်သင့်ပါတယ်။ ဖီချူးကိုရေဆေးတဲ့အခါမှာ နေရောင်လရောင် အောက်မှာသန့်စင်ပေးရင်ပိုကောင်းပါတယ်။ ဖီချူး ကိုဘယ်လိုဝတ်ရမလဲ? (ဘယ်ဘက်မှာလား ညာဘက်မှာလား?) -ဘယ်လက်(left hand)မှာဝတ်ရပါမယ်။ ဘယ် ဘက်လက်က ကံကောင်းခြင်းတွေ ၊ ချမ်းသာကြွယ်ဝမှုတွေကို ဆွဲငင်ပေးတဲ့သဘောဖြစ်ပါတယ်။ ညာ ဘက်လက်(right hand)က မိမိရဲ့ လာဘ်တွေ ၊ ဥစ္စာဓနတွေကို သူတစ်ပါးကိုပေးတယ်လို့ ယုံကြည်ကြပါတယ်။ တစ်နည်းအားဖြင့် (give away) သဘောမျိုးဖြစ်လို့ ကိုယ်ကနေ သူများကိုပေးတယ်လို့ဆိုလိုပါတယ်။ ဖီချူးကို အမြဲတမ်းဝတ်ဆင်ထားသင့်လား? -ရေချိုးတဲ့အချိန်တွေနဲ့ အိပ်တဲ့အ‌ချိန်တွေမှာတော့ ဖီချူးလက်ကောက်ကို ချွတ်ထားရပါမယ်။ ဖီချူးလက်ကောက်ကို ချွတ်ထားတဲ့အချိန် ဘယ်မှာထားရမလဲ? -ဧည့်ခန်းထဲမှာ ဦးခေါင်းကို ပင်မ တံခါးဘက်လှည့်ပြီးထားပေးပါ။ -မဖြစ်မနေ အိပ်ခန်းထဲမှာထားရမယ်ဆိုရင် အိပ်ယာဘက်ကို မျက်နှာမူပြီးမထားရပါဘူး။ အိပ်ယာနဲ့ ဝေးတဲ့ တံခါးပေါက်ဘက်မျက်နှာမူထားတာ (သို့) အံဆွဲထဲ ထည့်သိမ်းပေးတာမျိုးလုပ်ပေးရပါမယ်။ ဖီချူးရဲ့ ဦးခေါင်းကို အပြင်လှည့် ထားရမှာလား၊ အတွင်းလှည့်ထားရမှာလား? -အပြင်ဘက်လှည့်ထားရပါမယ်။ လက်သန်းဘက်ကို ဦးခေါင်း၊ လက်မဘက်ကိုအမြှီးထားပြီး အပြင်ဘက်လှည့် ပုံစံမျိုးအနေနဲ့ဝတ်ဆင်ပေးရပါမယ်။ ဒါမှသာ ဖီချူးလေးက အပြင်ဘက်ကိုသွားပြီးကံကောင်းခြင်းတွေ ယူဆောင်လာပေးပါလိမ့်မယ်။

Back to Top