မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ဘယ်လ်ဂျီယံစိန် (Belgium Diamond)

10 Nov 2023

ဘယ်လ်ဂျီယံစိန် (Belgium Diamond) ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် အဖိုးတန်ဆုံးသော ကျောက်မျက်ရတနာတစ်ခုသည် စိန်ပဲဖြစ်ပါသည်။ စိန်များမှာ အိန္ဒိယစိန် (Indian Diamond) ၊ ဘယ်လ်ဂျီယံစိန် (Belgium Diamond) နှင့် ရုရှားစိန် (Russian Diamond) စသည်ဖြင့် စိန်ထွက်ရှိရာဒေသကိုလိုက်ပြီး စိန်အရည်အသွေး၊ စိန်၏မာကျောမှု၊ အရောင်နှင့် တန်ဖိုးအနိမ့်အမြင့် စသည်ဖြင့် ကွာခြားလေ့ရှိကြပါသည်။ ဘယ်လ်ဂျီယံစိန်သည် စိန်အမျိုးအစားများအားလုံးထဲတွင် အရည်အသွေးမြင့်ပြီး တန်ဖိုးအားဖြင့်လည်း မြင့်မားသည့် သတ်မှတ်ချက် လက်မှတ်ရရှိထားသည့် စိန်အမျိုးအစားဖြစ်သည်။ အဓိကအားဖြင့် ဘယ်လ်ဂျီယံစိန်များသည် တခြားသော စိန်များနှင့် နှိုင်းယှဉ်ပါက စိန် ကာရတ်မြင့်မားမှု၊ အချိုးညီမျှသည့်ပုံသဏ္ဌာန်၊ မာကျောမှုကွာခြားပြီး အရောင်အားဖြင့်လည်း စိန်အများစုသည် အဝါရောင်သန်းလေ့ရှိပြီး ဘယ်လ်ဂျီယံစိန်သည် အရောင်ကာလာသတ်မှတ်ချက်အနေဖြင့် D color ဟုကျော်ကြားသည့် အရောင်မရှိသည့် တောက်ပမှုကြောင့် ပိုမိုဆွဲဆောင်မှုရှိကာ ဈေးနှုန်းအားဖြင့်သာမက လူကြိုက်များမှုလည်းကွာခြားသောကြောင့် ဘယ်လ်ဂျီယံစိန်သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ တင်ပို့မှုအများဆုံးဖြစ်သည်။ ထို့အပြင် ဘယ်လ်ဂျီယံစိန်များကို နိုင်ငံတကာအသိအမှတ်ပြု CID certificate အနေဖြင့်လည်း တရားဝင်အဆင့်သတ်မှတ်ပြီး ရောင်းဝယ်မှုပြုလုပ်နိုင်သောကြောင့် အာမခံချက်ရှိသည့်စီးပွားရေးဈေးကွက်တစ်ခုအနေနှင့်ပါ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ကြသည်။

Back to Top