မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ရွှေဒင်္ဂါး မူလ အစ က ဘယ်ကလဲ?

10 Nov 2023

ရွှေဒင်္ဂါးဆိုတာ အခုခေတ်မှာ သိပ်ကြားရလေ့မရှိတော့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ရှေးခေတ်အခါမှာတော့ အသုံးပြုမှုတွင်ကျယ်ခဲ့တဲ့ အရာတစ်ခုဖြစ်ပြီး ပစ္စည်းအချင်းချင်း လဲလှယ်တဲ့ ခေတ်ကာလအပြီး ပစ္စည်းတွေကို တန်ဖိုးတစ်ခုသတ်မှတ်ပြီး ဝယ်ယူတဲ့အလေ့အထ ပေါ်လာချိန်မှာ ဒင်္ဂါးတွေ အသုံးပြုမှု တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေဒင်္ဂါးဆိုတာ? ရွှေဒင်္ဂါးတွေဆိုတာ Coin လို့ခေါ်တဲ့ ဒင်္ဂါးတစ်မျိုးသာဖြစ်ပြီး ရွှေဆိုတဲ့ သတ္တုကို အဓိကသုံးပြီး ပြုလုပ်ထားတဲ့ အရာဖြစ်ပါတယ်။ ရွှေဒင်္ဂါးတွေကို ပြုလုပ်ရာမှာ ရွှေပမာဏ ၉၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၂ ကာရတ်အထိ ထည့်သွင်းပြုလုပ်ကြလေ့ရှိပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ ငွေ၊ ကြေးနီ ဒါမှမဟုတ် ၂ မျိုးစလုံး ရောနှောပြီး ပြုလုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ရွှေပါဝင်မှုနည်းပါးတဲ့ ဒင်္ဂါးတွေလည်း ရှိနိုင်ပါတယ်။ ဘယ်အချိန်ကစလဲ? ရွှေကို ကြေးခေတ်လောက်ကတည်းက စတင်အသုံးပြုခဲ့ကြပေမယ့် ဒင်္ဂါးတွေအဖြစ် ဖန်တီးပြုလုပ်မှုကိုတော့ ဘီစီ ၆ ရာစုလောက်မှာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ Anatolia လို့ခေါ်ကြတဲ့ အာရှဒေသတချို့ကနေ စတင်မြစ်ဖျားခံလာခဲ့တာ ဖြစ်ပြီး တူရကီနိုင်ငံ အနီးတဝိုက်က နယ်ပယ်ဒေသတွေ ဖြစ်ပါတယ်။ ဘီစီ ၅၄၆ မှာတော့ တူရကီဒေသ လင်ဒီယာဘုရင် ခရိုစီးယပ်စ်ထံကနေ ပါရှန်းတွေက ရွှေတွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ အဓိကကတော့ ရွှေဒင်္ဂါးပြားတွေ ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။ ပါရှန်းတွေရဲ့ ဒင်္ဂါးအလုပ်ရုံတွေဟာ တန်ဖိုးအရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဘုရင်တွေရဲ့ လက်ဆောင် ပဏ္ဍာအဖြစ် အသုံးပြုရာ ပစ္စည်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အရှေ့အာရှဒေသက တရုတ်နိုင်ငံမှာတော့ ဘီစီ ၅ ရာစု၊ ၆ ရာစုလောက်မှာ ရွှေဒင်္ဂါးတွေ စတင်အသုံးပြုခဲ့ကြတယ်လို့ ဆိုကြပြီး ရင်ယွမ်ရွှေဒင်္ဂါးဟာ ရှေးတရုတ်ပြည်ရဲ့ အစောဆုံး ရွှေဒင်္ဂါးပြားတွေဖြစ်ခဲ့ပါတယ်။ မြန်မာမှာရောဘယ်ကစ? မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကစပြီး ဒင်္ဂါးတွေကို စတင်အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာတို့ဟာ ဒင်္ဂါးဆိုတဲ့ ဝေါဟာရကို ပါဠိစကားလုံး “ဠင်္က”ကနေ ရယူသုံးစွဲခဲ့တယ်လို့လည်း အဆိုရှိပါတယ်။ အဓိပ္ပါယ်ကတော့ “ဘုရင့်တံဆိပ်လက်ရာရှိတဲ့ ငွေကြေး” ဖြစ်ပါတယ်။ မြန်မာ သက္ကရာဇ် ၉၁၂ ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက် ရှင်ကုမာရရေးသားတဲ့ ဓမ္မရာသီပျို့မှာလည်း “ဆန်းကြယ်တင့်တယ် တံဆိပ်ခတ်သား ကျပ် – မတ် – မူး – ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြ၍ အကုဋေမျှ ရာမကသား” လို့ စပ်ဆိုထားတာကို တွေ့ရပါတယ်။ မြန်မာ့အဘိဓာန်အကျဉ်းချုပ်မှာတော့ ဒင်္ဂါးဆိုတာ တံဆိပ်ခတ်နှိပ်ပြီး အလေးချိန်နဲ့ တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားတဲ့ ရွှေ၊ ငွေစတဲ့ သတ္တုပြား တွေ ဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top