မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ရွှေရဲ့သမိုင်းကြောင်း ရွှေရဲ့တန်ဖိုးရှိပုံ အကြောင်း

10 Nov 2023

ဒီနေ့တော့ ရွှေရဲ့သမိုင်းကြောင်း၊ ရွှေရဲ့တန်ဖိုးရှိပုံနဲ့ အနာဂတ်မှာရော ရွှေတန်ဖိုးက မြင့်နေဦးမှာလား? ဆိုတာနဲ့ ပတ်သက်ပြီး ဝေမျှပေးသွားမှာမို့ စိတ်ဝင်စားရင် အဆုံးထိ ဖတ်ကြည့်ပေးဦးနော် ?️ရွှေကိုစတင်တွေ့ရှိခဲ့ပုံ ရွှေကို စတင်တွေ့ရှိသူတွေကတော့ အီဂျစ်လူမျိုးတွေပါ.. လွန်ခဲ့တဲ့ ဘီစီ ၄၀၀၀၀ လောက်ထဲက ရှေးခေတ်အီဂျစ် လူမျိုးတွေဟာ ကျောက်ဂူတွေမှာ ရွှေအလွှာတွေကို စတင်တွေ့ရှိခဲ့တယ် လို့သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ် ?️ရွှေတန်ဖိုးရှိပုံ ရွှေကို လူမှုရေးအဆင့်အတန်း သင်္ကေတအဖြစ် စတင် တန်ဖိုးထား သက်မှတ်တာကတော့ ဂရိလူမျိုးတွေပါ ဂရိလူမျိုးတွေကရှေးခေတ်တည်းက သူတို့ တန်ဖိုးထားရတဲ့ ရုပ်ထုတွေ၊ ယုံကြည်ကိုးကွယ်ကြတဲ့ နတ်ဘုရားတွေကို ရွှေရည် သွန်းလောင်းကာ ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ် လို့ဆိုပါတယ် ငွေရယ်လို့ စတင်သုံးစွဲကြတဲ့ ခေတ်တည်းက ရွှေရဲ့တန်ဖိုးကို "ရွှေ ၁ ဆ ငွေ ၂ ဆ" လို့သတ်မှတ်ခဲ့ကြပြီး ရွှေတုံး၊ ရွှေစတွေကို လက်ဆောင်အဖြစ် ပေးတယ်... ရွှေဒင်္ဂါးတွေနဲ့ ကုန်သွယ်ကြတယ်... ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့သူကို ရွှေတံဆိပ်တွေ ချီးမြှင့်ကြတာကလည်း ဒီနေ့အထိပါပဲ ၁၇၉၂ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုက ရွှေတန်ဖိုးကို အမေရိကန်ဒေါ်လာနဲ့အညီ သတ်မှတ်ခဲ့တဲ့အခါမှာတော့ ရွှေတန်ဖိုးက ငွေထက် (၁၅)ဆလောက် ပိုမြင့်လာခဲ့ပါတယ် ?️အလှအပနဲ့ ကျန်းမာရေးအပေါ် ရွှေရဲ့အကျိုးပြုပုံ ရွှေကို စားသုံးခြင်းက ဉာဏ်ရည်ထက်မြက်စေခြင်း၊ စိတ်နှလုံးအေးမြစေခြင်းနဲ့ အရွယ်တင်နုပျိုစေခြင်း အကျိုးကျေးဇူးတွေရှိစေတာ သိပြီးပြီလား? ဒါ့အပြင် ရွှေရဲ့စွမ်းအင်က နွေးထွေးတဲ့ သဘောရှိပြီး ရွှေနဲ့ထိတွေ့လိုက်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ဓာတ်မတည့်လို့ ဖြစ်တတ်တဲ့ ယားယံခြင်း၊ အဖုအပိန့်ထခြင်းတွေကို သက်သာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ ရွှေကို အလှကုန်နဲ့ ဆေးဝါးထုတ်လုပ်ရာမှာလည်း အသုံးပြုပါသေးတယ် ?️အနာဂတ်မှာရော ရွှေက တန်ဖိုးရှိနေဦးမှာလား ဘယ်ပစ္စည်းတွေ ဘယ်လောက်တန်ဖိုးကျကျ မကျသွားဘဲ တက်မြဲတက်နေတာကတော့ ရွှေပါပဲ… ဥပမာ- ကား၊ ဆိုင်ကယ်၊ ဖုန်းလိုမျိုး အဖိုးတန်စက်ပစ္စည်းတွေက တန်ဖိုးကြီးပေမယ့် ဝယ်ပြီး ပြန်ရောင်းတဲ့အခါ ပေးဝယ်ခဲ့တဲ့တန်ဖိုးထက် ကျသွားလေ့ရှိပါတယ် ဒါပေမယ့် ရွှေကတော့ ဟောင်းသွားလျှင်လည်း တန်ဖိုး လျော့သွားမှာမဟုတ်သလို ပေါက်ဈေးမြောက်ရင် မြောက်သလို ဈေးကောင်းရဦးမှာ ဖြစ်ပါတယ် အနာဂတ်မှာလည်း ရွှေတန်ဖိုးက တက်ဖို့ပဲရှိတာကြောင့် Shweshops ရဲ့မိတ်ဆွေတွေကို ငွေစုဖို့ထက် ရွှေစုဖို့ တိုက်တွန်းလိုက်ပါရစေ ရွှေနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို အမြဲမပြတ်သိချင်သေးတယ်ဆိုရင်တော့ Shweshops Page ကို See First ထားဖို့မမေ့နဲ့နော် #Shweshops

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top