မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ပျိုမေတို့ရဲ့ သွယ်လျလျ လက်ချောင်းလေးတွေပေါ်မှာ လက်စွပ်လှလှလေးတွေ ဝတ်တာက လှလည်းလှသလို “ချစ်ခြင်းရဲ့သင်္ကေတ” ကို ဖော်ဆောင်ပေးတဲ့ ပေါင်းကူးတံတားလေး တစ်ခုဆိုရင်လည်း မမှားပါဘူး … ?

10 Nov 2023

ပျိုမေတို့ရဲ့ သွယ်လျလျ လက်ချောင်းလေးတွေပေါ်မှာ လက်စွပ်လှလှလေးတွေ ဝတ်တာက လှလည်းလှသလို “ချစ်ခြင်းရဲ့သင်္ကေတ” ကို ဖော်ဆောင်ပေးတဲ့ ပေါင်းကူးတံတားလေး တစ်ခုဆိုရင်လည်း မမှားပါဘူး … ? လက်ချောင်းတိုင်းမှာ လက်စွပ်ဝတ်ဆင်ခြင်းရဲ့ ကိုယ်စီ အဓိပ္ပာယ်တွေ ရှိနေပါတယ် ၊ ဘာတွေလဲဆိုတော့ … ?ဘယ်ဘက် လက်မ ဘယ်ဘက်လက်မမှာ လက်စွပ်ဝတ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့စတိုင်လ်တစ်ခုသက်သက်ပါ ၊ တစ်ဖက်လူရဲ့ အမြင်မှာ ကိုယ်က ဖက်ရှင်အမြင်ရှိပြီး ယုံကြည်မှုရှိတဲ့သူလို့လည်း မြင်တတ်ကြပါတယ် ?ညာဘက် လက်မ ထိုနည်းတူပါပဲ … ညာလက်မမှာ လက်စွပ်ဝတ်မယ်ဆိုလည်း ဖက်ရှင်အရ တမူထူးခြားနေမှာတော့ သေချာတယ် ?ဘယ်ဘက် လက်ညှိုး သူကတော့ ထူးထူးခြားခြား သင်္ကေတ တစ်ခု အနေနဲ့ သတ်မှတ်ထားတာမျိုး မရှိပါဘူး ၊ style ထုတ်ပြီး ဝတ်ဆင်ချင်တဲ့အခါမှသာ အများဆုံး ဝတ်ဆင်လေ့ရှိကြပါတယ် ?ညာဘက် လက်ညိုး အရင်ခေတ် အဆိုတွေ အရ တစ်ချို့ ယဉ်ကျေးမှုတွေမှာတော့ ညာဘက်လက်ညှိုးမှာ လက်စွပ်ဝတ်ဆင်ခြင်းက လက်ထပ်ထားခြင်းဆိုတဲ့သဘောကို ဆောင်ပါတယ်တဲ့ ?ဘယ်ဘက် လက်ခလယ် ဘယ်ဘက် လက်ခလယ်မှာ လက်စွပ်ဝတ်ဆင်ခြင်းကလည်း အထူးတလည် သတ်မှတ်ထားတာမျိုး မရှိပါဘူး ၊ များသော အားဖြင့်ကတော့ ရတနာ လက်စွပ် တော်တော်များများကို လက်ခလယ်မှာ ဝတ်တတ်ကြပါတယ် ၊ လက်ခလယ်က လက်ချောင်းလေးတွေအားလုံးထဲမှာ အဓိကလည်းကျတယ် အရှည်ဆုံးလည်း ဖြစ်တာဆိုတော့ ပိုပြီး ထင်ထင်ရှားရှား နဲ့ ပေါ်လွင်ချင်တဲ့အခါမှာ ရွေးချယ်ဝတ်ဆင်လို့ရပါတယ် ?ညာဘက် လက်ခလယ် ဘယ်ဘက်လက်ခလယ်လိုပါပဲ ၊ အဓိပ္ပာယ် သတ်မှတ်ထားတာမျိုး မရှိဘဲ အလှပ အတွက်သာ အဓိက ဝတ်ဆင်ကြပါတယ် ?ဘယ်ဘက် လက်သူကြွယ် ဘယ်ဘက် လက်သူကြွယ်လေးကတော့ ယဉ်ကျေးမှုအရ အများစုဟာ လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ နေ့ရက်မှာ ဝတ်ဆင်ကြပါတယ် ၊ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ တစ်သက်လုံး ရိုးမြေကျ ပေါင်းသင်းနေထိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကတိပြုပြီး ဝတ်ဆင်ထားကြတာပါ ?ညာဘက် လက်သူကြွယ် ညာဘက် လက်သူကြွယ်ကိုတော့ ပုံမှန်တိုင်းပဲ အလှဝတ်ဆင်တဲ့အနေနဲ့ပဲ ဝတ်ဆင်ကြပြီး တစ်ချို့နိုင်ငံတွေမှာတော့ ညာဘက်လက်သူကြွယ်မှာလည်း လက်ထပ် လက်စွပ်ကို ဝတ်ဆင်တတ်ကြပါတယ် ?လက်သန်း ဘယ်ဘက်လက်သန်း နဲ့ ညာဘက် လက်သန်းလေးကတော့ လက်စွပ်သေးသေးလေးတွေကိုမှ ဝတ်ရတာကြိုက်တဲ့သူတွေအတွက်ပါ ၊ လှလည်း လှပြီး ချစ်စရာကောင်းတဲ့ အသွင်ကို ဆောင်လို့ မိန်းကလေး အများစုက လက်သန်းမှာ ဝတ်ဆင်ရတာလည်း ကြိုက်ကြပါတယ် ၊သူ့မှာလည်း ထူးထူးခြားခြားသတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး ကိုယ်ရော ဘယ်လက်ချောင်းလေးမှာ ဝတ်ဆင်ရတာ အကြိုက်ဆုံးလဲ ?? #shweshop #Credit-uhtongoldsmith

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top