မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

Kilo Bar ဆိုတာဘာလဲ?

10 Nov 2023

ဒီတစ်ခါမှာတော့ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ငွေကြေးအစားထိုးအနေဖြင့် သုံးစွဲမှုမှာ အရေးပါတဲ့ အခန်းကဏ္ဌမှာရှိတဲ့ ရွှေဘား (ရွှေချောင်း) Kilo Bar (Gold Bar) လေးအကြောင်းကို စုဆောင်းရှာဖွေတွေ့ရှိချက်တွေထဲက ဗဟုသုတရဖွယ် အချက်လေးတွေကို စုစည်းတင်ပြပေးပါ့မယ်နော်။ ရွှေဆိုတာဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဒြပ်စင်တစ်ခုဖြစ်ပြီး လက်ဝတ်ရတနာများမှာ အသုံးပြုကြတာများတယ်ဆိုပေမဲ့ ယခုအခါမှာတော့ အဆင်တန်ဆာအပြင် သာမက နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေးတို့မှာလည်း ငွေကြေးအစားထိုးအဖြစ် အသုံးဝင်လျက်ရှိနေပြီဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ Gold Bullion (သို့မဟုတ်) Gold Ingot ဟုလည်းလူသိများသော Kilo Bar သည် ထုတ်လုပ်မှုတံဆိပ်ကပ်ခြင်း စသည့်စံချိန်စံညွှန်းနှင့်အညီ ရွှေချောင်း ပုံသဏ္ဍာန် မွမ်းမံပြုလုပ်ထားသည်။ အုတ်ချပ်ပုံစံထူသော ရွှေဘားများကို ဥရောပနိုင်ငံရှိရင်းနှီးမြှုပ်နှံသူများကပို၍နှစ်သက်ကြသော်လည်း ဈေးကွက်တွင်းရှိ ရွှေဘားအများစု၏အရွယ်ကိုပါးချပ်ချပ်အနေဖြင့်အတွေ့ရများသည်။ ၁ ကီလိုဂရမ်ရွှေဘားသည် ပုံမှန်အားဖြင့် ရွှေတံဆိပ်တစ်ခု၏အရွယ်အစားဖြစ်သည်။ တစ်ကီလိုဂရမ်ရွှေဘားတစ်ခုတွင် ရွှေ ၃၅.၂၇ အောင်စ (သို့မဟုတ်) ရွှေ ၁၀၀၀ ဂရမ်ပါဝင်သည်။ ၎င်းအလေးချိန်အတိုင်းအတာသည် မြန်မာအလေးချိန်အနေဖြင့် ၁၀ ကျပ်သားကိုဆိုလိုသည်။ တစ်ကီလိုဂရမ် ရွှေဘားများသည် လူအသုံးများပြီး အရွယ်အားဖြင့်သယ်ဆောင်ရ လွယ်ကူသဖြင့် ၎င်းအရွယ်အစားကို အများအားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် စံထားအသုံးပြုထုတ်လုပ်ကြသည်။ နိုင်ငံတကာတွင် ၁၀၀၀ ဂရမ် ရွှေဘားများသည်အသုံးပြုမှုအားဖြင့် ကျယ်ပြန့်သော်လည်း အာရှတိုက်တွင်မူ ၁၀၀၀ ဂရမ် ရွှေဘားများသာမက ၁၀ ဂရမ် ၁၀၀ ဂရမ် ရွှေဘားငယ်လေးများကိုလည်း အသုံးပြုတတ်ကြသည်။ ရွှေဘားတစ်ခုတွင် သန့်စင်ပြီးရွှေ ၉၉.၅ ရာခိုင်နှုန်းမှ ၉၉.၉ ရာခိုင်နှုန်းအထိပါဝင်ကြသည်။ ရွှေဘားများကို ပုဂ္ဂလိကကုမ္ပဏီများကသာ အများဆုံးထုတ်လုပ်ကြသည်။ သို့သော် တရားဝင်ခိုင်လုံမှုရှိပြီး စစ်မှန်ကြောင်း အထောက်အထား (သို့မဟုတ်) အမှတ်အသားပြုလုပ်ရန် မိမိတို့ထုတ်လုပ်သော ရွှေဘားများ၏ အပေါ်ဘက်တွင် တံဆိပ်အနေဖြင့် ဘားနံပတ်များ ရိုက်နှိပ်ထုတ်ဝေကြသည်။ ယင်းဘားတံဆိပ်များကို Kinebars ဟုခေါ်သည်။ Kinegram ဟု လူသိများပြီး Hologram လုံခြုံရေးနည်းပညာကို အသုံးပြုထားသည်။ ရွှေဘားများကို Troy အောင်စဖြင့် ဖော်ပြလေ့လည်းရှိသည်။ သုံးအောင်စ အလေးချိန်ရှိသော ရွှေဘားတစ်ခုသည် ၃၁.၁၀၃၄၇၆၈ ဂရမ်နှင့်ညီသည်။ ထို့အပြင်အများအားဖြင့်ကြုံတွေ့ရလေ့ရှိသည့် Avoirdupois weight အောင်စ သည် ဗြိတိန်နိုင်ငံသုံး အလေးနှင့်အတိုင်းအတာများ (သို့မဟုတ်) ယူနိုက်တက်စတိတ်နိုင်ငံသုံးထုံးတမ်းယူနစ်များကို အသုံးပြုလျက်ရှိသော နိုင်ငံများ၏ အလေးချိန် ဖြစ်သည်။ Avoirdupois weight တစ်အောင်စသည် ၂၈.၃၄၉၃၃၃၂၅ ဂရမ်ဖြစ်သည်။ နိုင်ငံတကာတွင် အသုံးများသော ရွှေဘား အလေးချိန်အတိုင်းအတာ ယူနစ်များကို အောက်တွင်ဖော်ပြထားပါသည်။ တစ်တန် = ၁၀၀၀ ကီလိုဂရမ် = ၃၂,၁၅၀.၇၄၆ Troy အောင်စ။ တစ်ကီလိုဂရမ် = ၁၀၀၀ ဂရမ် = ၃၂.၁၅၀၇၄၆ Troy အောင်စ။ ၁ Tola = ၁၁.၆၆၃၈၀၃၈ ဂရမ် = ၀.၃၇၅ Troy အောင်စ။ ၁ Tael = ၃၇.၇ ဂရမ်။ Tola သည် ရွှေအလေးချိန်တွင်အစဉ်အလာရှိသော အိန္ဒိယနိုင်ငံ၏ အတိုင်းအတာ ဖြစ်ပြီးယနေ့တိုင်အသုံးပြုဆဲဖြစ်သည်။အိန္ဒိယနိုင်ငံတွင်များသောအားဖြင့် ရွှေဘားများကို ၉၉.၉၆ ရာခိုင်နှုန်းသန့်စင်သော ရွှေဖြင့်သာ Tola bars များ အနေဖြင့် သတ်မှတ်ထုတ်လုပ်ကြသည်။ ကမ္ဘာ့အကြီးဆုံးရွှေဘားသည် ၂၅၀ ကီလိုဂရမ် (၅၅၁ ပေါင်)ရှိပြီး အလျား × အနံ အားဖြင့် ၄၅၅ မီလီမီတာ × ၂၂၂ မီလီမီတာ (၁၇.၉ လက်မ၊ ၈.၉ လက်မ) နှင့် ၁၇၀ မီလီမီတာ (၆.၇လက်မ) အထူရှိသည်။ ၎င်းကို Mitsubishi ၏ လက်အောက်ခံ Mitsubishi Materials Cooperation မှထုတ်လုပ်ပြီး ၎င်းကို ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် Toi Gold ပြတိုက်၌ ပြသခဲ့သည်။ ယင်းရွှေဘားတွင် ရွှေပါဝင်မှုကိုတွက်ချက်၍ တန်ကြေးအနေဖြင့် ၂၀၀၅ ခုနှစ်တွင် ယန်းသန်း ၄၀၀ (ထိုအချိန်က အမေရိကန်ဒေါ်လာ ၃.၆သန်းကျော်) တန်ဖိုးရှိသည်ဟု သတ်မှတ်ခဲ့ပြီး ၂၀၁၉ မေလ ၆ ရက်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၀သန်းဝန်းကျင် တန်ဖိုးရှိသည်ဟု သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းရွှေဘားသည် ကမ္ဘာ့တန်ဖိုးအကြီးဆုံးနှင့် အရွယ်အစားအကြီးမားဆုံး ရွှေဘားတစ်ခုအဖြစ် မှတ်တမ်းတင်ထားသည်။ အခုပြောပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေကတော့ နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင်ပါ စီးပွားရေးအရ ကုန်သွယ်မှုဆိုင်ရာတွေမှာ အသုံးပြုလျက်ရှိနေတဲ့ ရွှေဘား (Kilo Bar) လေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတရဖွယ် သိသင့်တဲ့အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်ရှင့်။

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top