မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

လူသိနည်းသေးတဲ့ရွှေအရောင်ကွဲ(၇)မျိုး နဲ့ သူတို့နဲ့လိုက်ဖက် တဲ့ အသားအရောင်

10 Nov 2023

ရွှေတွေမှာ အရောင်(၃) ရောင်ရှိတယ်ဆိုတာ တော်တော်များများ သိကြပါလိမ့်မယ်။ တကယ်က ရွှေမှာ အရောင် (၇) မျိုးထိ ရှိပါတယ်။ လူတွေ တော်တော်များများ သိကြတာက Yellow Gold (အဝါရောင်ရွှေ)၊ Rose Gold (ပန်းရောင်ရွှေ)၊ White Gold (ရွှေဖြူ) ဆို၍ သိရှိထားကြပါသည်။ ဒါတွေအပြင် Green Gold, Blue Gold, Purple Gold နဲ့ Black Gold ဆို၍ နောက်ထပ်(၄)မျိုး ရှိပါသေးတယ်။ ဒီရွှေအရောင်တွေကိုတော့ တော်တော်များများက သိကြမယ်မထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အခုပြောပြမှာက အရောင်မတူတဲ့ ရွှေတစ်ခုချင်းနဲ့ ဘယ်အသားအရေမျိုးက ဘယ်ရွှေအရောင်လေးတွေနဲ့ လိုက်ဖက်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ White Gold (ရွှေဖြူ) ဆိုတာကတော့ သန့်စင်ပြီးသား ရွှေ ၅၈% ရယ် အဖြူရောင်ရှိတဲ့ သတ္တုတွေဖြစ်တဲ့ နီကယ် ၁၄.၅% နဲ့ ဇင့် ၇.၅% ကို ကြေးနီ ၂၀% ရယ် ပေါင်းစပ်ထားတဲ့ သတ္တုဒြပ်စင် တစ်မျိုးဖြစ်ပါတယ်။ ပိုကောင်းတာ တစ်ခုက ရွှေဖြူက အရောင်ကြာရှည်ခံပြီးတော့ ခြစ်ရာပွန်းရာတွေကို အဝါရောင်ရွှေထက် ပို၍ ခံနိုင်ရည် ရှိပါသည်။ Yellow Gold (အဝါရောင်ရွှေ) ဆိုရင် သန့်စင်ပြီးသား ရွှေ ၅၈.၅% ရယ် ငွေထည် ၂၅% နဲ့ ကြေးနီ ၁၇% ပေါင်းစပ်ထားတာပါ။ ကြေးနီ ပိုများရင် များသလို ရွှေက အဝါရောင် အနုအရင့် ကွဲပါသေးသည်။ အဝါရောင် ရွှေကတော့ ဟိုးအရင်ခေတ်တွေကတည်းက သုံးလာတဲ့ ရွှေဆိုတော့ သူ့ရဲ့ ကောင်းတဲ့အချက်တွေက ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော်။ Rose Gold (ပန်းရောင်ရွှေ) ကတော့ ရွှေနဲ့ ကြေးနီ နှစ်မျိုးပဲ ပေါင်းစပ်ထားတဲ့ ရွှေထည်အမျိုးအစားပဲ ဖြစ်ပါတယ်။ သန့်စင်ပြီးသား ရွှေ ၇၅% နဲ့ ကြေးနီ ၂၅% ပေါင်းစပ်ထားတဲ့အတွက် ကြေးနီပိုများရင် များသလို ရွှေက အနီရောင်ဘက် သန်းရင်သန်းမယ် ဒါမှမဟုတ်ရင်လည်း ပန်းရောင် မျက်နှာပြင် အရောင်ပိုတောက်တာတွေ ရှိတတ်ပါတယ်။ Green Gold (အစိမ်းရောင်ရွှေ) မှာဆိုရင်တော့ တခြားတစ်မျိုးရှိပါတယ်။ သူ့ကို Electrum လို့လည်း ခေါ်ကြပါသေးတယ်။ အစိမ်းရောင်မှာဆိုလျှင် ရွှေ ၅၈.၅%၊ ငွေထည်က ၃၅%၊ ကြေးနီက ၆.၂၅% နဲ့ Zinc က ဝ.၂၅% ထိ ရှိပါတယ်။ ကြေးနီနဲ့ ငွေထည် အနည်းအများကို လိုက်ပြီးတော့ ဆန်ဆေးရေရောင်နဲ့ အစိမ်းအဖျော့ရောင် ဆိုပြီးတော့လည်း ရှိပါသေးတယ်။ အစိမ်းရောင်မျက်နှာပြင်လို့ ပြောတဲ့ ရွှေက တကယ်တမ်း အစိမ်းရောင်မထွက်ပါ။ ကြံရည်ရောင်လောက်ပဲ ထွက်တာပါ။ Blue Gold (အပြာရောင်ရွှေ) က ရွှေ ၄၆% နဲ့ ငွေထည် ဒါမှမဟုတ်ရင် Zinc ၅၄% နဲ့ ပေါင်းစပ်ထားတာပါ။ ဒီရွှေကိုတော့ လက်ဝတ်ရတနာ လုပ်တဲ့ နေရာမှာတော့ သိပ်မသုံးကြဘူး။ Cobalt ဆိုတဲ့ သတ္တုနဲ့ ပေါင်းစပ်ပြီးတော့ အိမ်အလှဆင်တဲ့ နေရာတွေ ဒါမှမဟုတ်ရင် ကြွေထည်အစားထိုး အလှဆင်ပစ္စည်းတွေရယ် အလှထားတဲ့ ပန်းအိုးတွေနဲ့ ဇိမ်ခံပစ္စည်းတွေအဖြစ် သုံးကြပါတယ်။ Purple Gold (ခရမ်းရောင်ရွှေ) မှာဆိုရင်တော့ ရွှေက ၈၀% နဲ့ အလူမီနီယံ ၂၀% ပါဝင်တဲ့အတွက် အရောင်မတူတဲ့ ရွှေတွေထဲမှာတော့ အရမ်းဂရုစိုက်ဆုံးပါ။ သူက အရမ်းကြွပ်ဆပ်လွယ်ပြီးတော့ ကွဲလွယ် ရှလွယ်တဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ အချွန်တစ်ခုခုနဲ့ ထိုးမိရင်တောင်မှ အစိတ်စိတ်အမွှာမွှာ ကွဲနိုင်ပါသေးတယ်။ Black Gold (အနက်ရောင်ရွှေ) မှာတော့ ရွှေက ၇၅% နဲ့ Cobalt ၂၅% ပါဝင်ပါတယ်။ ဒါပေမယ့် ဒီရွှေကိုတော့ ကျောက်မျက်ရတနာအနေဖြင့် သုံးကြတာများပါတယ်။ ကဲ ရွှေအမျိုးအစားတွေပြောပြီးပြီဆိုတော့ သူတို့နဲ့ လိုက်ဖက်မယ့် အသားအရေကို ရွေးပေးပါမယ်။ အသားအရေဆိုတာက Skin Color ကိုပြောတာမဟုတ်ပါဘူး။ Skin Color က သင့်အသားအရေရဲ့ အပေါ်ယံအရေပြားအလွှာကို ပြောတာပါ။ အပေါ်ယံအလွှာဆိုတာက ပတ်ဝန်းကျင်၊ ရာသီဥတု အခြေအနေပေါ် လိုက်ပြီးတော့ နေလောင်လို့ မဲသွားတာတို့ Sun Burn လုပ်ထားလို့ ညိုနေတာတို့ကြောင့် ပြောင်းသွားနိုင်ပါတယ်။ အခုကရွှေထည်တွေနဲ့ လိုက်ဖက်မယ့် သင့်ရဲ့ Skin Tone ကို ရွေးရမှာပါ။ Skin Tone ဆိုတာက အခြေအနေ အမျိုးမျိုးကြောင့် အသားရေပျက်စီးသွားပေမယ့် ပြန်ပြုစုလိုက်ရင် ရလာမယ့် Original အသားအရေကို ပြောတာပါ။Warm Skin Tone, Cool Skin Tone ရယ် Neutral Skin Tone ရယ် ဆိုပြီး သုံးမျိုးရှိပါတယ်။ မိမိရဲ့ Skin Tone ကို သိချင်ရင် အလွယ်ဆုံးကတော့ လက်မောင်းပေါ်က သွေးပြန်ကြောကို ကြည့်ပေးရမှာပါ။ တကယ်လို့ သင့်ရဲ့ သွေးပြန်ကြောတွေက စိမ်းနေရင် သင်က Warm Skin အမျိုးအစားပဲ။ အဲ့ဒီလို အသားအရေတွေက နေနဲ့ထိတဲ့အခါမှာ နေလောင်သွားတာမရှိဘဲနဲ့ အဲ့အချိန်လေးပဲ အရောင်ပြောင်းသွားတတ်ပါတယ်။ Warm Skin ဆိုရင်တော့ Rose Gold နဲ့ Yellow Gold ကအလိုက်ဖက်ဆုံးပါပဲ။ သင့်ရဲ့သွေးပြန်ကြောက အပြာရောင် ဒါမှမဟုတ် ခရမ်းဘက်ကို သမ်းနေရင်တော့ သင်က Cool Skin Tone ပါ။ အဲ့ဒီ အသားအရေပိုင်ရှင်တွေက နေလောင်လွယ်ပြီး နေရောင်ထိမိရင် နီလာရောင်သမ်းလာမယ်။ အဲ့လို အသားအရေဆိုရင်တော့ White Gold နဲ့ ငွေထည်ပစ္စည်းတွေနဲ့ လိုက်ဖက်ပါတယ်။ တကယ်လို့သာ သင့်ရဲ့ သွေးပြန်ကြောတွေက ဘာရောင်ရှိမှန်း စမ်းမရဘူးဆိုရင်တော့ မင်းက Neutral Skin Tone ပါ။ Neutral ဆိုရင်တော့ သင့်အတွက်က ရွေးစရာမလိုပါဘူး။ အကုန်လုံးနဲ့ လိုက်ဖက်နေတဲ့ အသားအရေကောင်းသူ တစ်ယောက်ပါပဲ။ ဒါ့အပြင်ကို အရောင်စပ်ထားတဲ့ နှစ်ပင်လိမ်ကြိုးတွေနဲ့ ပို၍ လိုက်ဖက်နိုင်ပါတယ်။

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top