မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ဒုံးရွှေဆိုတာဘာလဲ?

10 Nov 2023

မီးလင်းရွှေ (အခေါက်ရွှေ) ၊ 24K ရှိတဲ့ရွှေဟာဆိုရင်တော့ အဝါရောင်တောက်တောက်ရှိပေမယ့် ပဲရည်လျော့သွားတဲ့အခါ အခြားသတ္တုတွေနဲ့ပေါင်းစပ်ပုံအရ အရောင်ကွဲပြားမှုရှိနိုင်ပါတယ်။ တချို့သောရွှေဆိုင်များမှာတော့ ရွှေပါဝင်မှု (ပဲရည်) နည်းတဲ့ရွှေတွေကို ရွှေထည် ကြီးကြီးပွပွတွေလုပ်ပြီး အပေါ်ကနေ ရွှေရည်ပြန်စိမ်ပြီးမှ ရောင်းချတာမျိုးလဲရှိပါတယ်။ ရွှေထည်ပစ္စည်းတွေဝယ်မယ်ဆိုရင် အလျော့တွက်လက်ခဆိုတာ သက်သက်ပေးရပြီး ရွှေဈေးအတက်အကျလိုက် တန်ဖိုးဟာပြောင်းလဲနေပါတယ်။ ဒါပေမဲ့ ဒုံးရွှေမှာတော့ အလျော့တွက်လက်ခ မပေးရပဲ ရွှေ ဈေးနှုန်း အတက်အကျအလိုက် လျော့တင်ခြင်းမရှိပဲ အချိန်အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းတသမတ်ထဲထားကာ ရောင်းချကြပါတယ်။ ဒုံးရွှေတွေကို မိမိဝယ်ယူလာသောဆိုင်များတွင် ပြန်ရောင်းသောအခါလည်း အလျော့တွက်လက်ခပြန်လည်နှုတ်ယူမှုမရှိဘဲ Percentage အလိုက်သာပြန်လည်လျော့ယူကြပါတယ်။ ထို့ကြောင့် ဒုံးရွှေတွေကို မိမိဝယ်ယူလာတဲ့ဆိုင်တွေမှာ ပြန်သွင်းတဲ့အခါ အရှုံးသက်သာသကဲ့သို့ သဘောသက်ရောက်လှပါတယ်။ သို့ပေမယ့် ဒုံးရွှေတွေကို ကိုယ်ဝယ်ယူလာတဲ့ဆိုင်မဟုတ်ပဲ တခြားဆိုင်တွေမှာ ပြန်သွင်းတဲ့အခါ ဘာလို့ မျှော်မှန်းသလောက်ဈေး မရသလဲ? ရွှေဈေးတက်ခဲ့သည်ရှိသော် မိမိတို့ဆိုင် မရှုံးစေရန် ဆိုင်တွေက ဒုံးရွှေတွေကို ပဲရည်နိမ့်တဲ့ရွှေတွေနဲ့ပြုလုပ်လေ့ရှိကြပါတယ်။ တခြားဆိုင်မှာ သွားရောင်းပါက မိမိတို့ဝယ်လာသည့်တန်ဖိုးထက်များစွာ ဈေးလျော့ပြီးရပါတယ်။ တချို့သောဆိုင်တွေမှာ ဒုံးရွှေများကို ဝယ်ယူခြင်းပင်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဒုံးရွှေအများစုသည်သတ်မှတ်ချက် ရွှေအရည်အသွေးအမြဲမမှီလို့ပင်။ ဒါ့ကြောင့် ရွှေစုချင်သူများနဲ့တော့ ဒုံးရွှေဟာ လုံးဝမကိုက်ညီပေမယ့် အလှဆင်ရုံသက်သက် ဝတ်ချင်သူများအတွက်တော့ အဆင်ပြေပါတယ်

Back to Top