မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ရွှေဖြူ က ပလက်တီနမ်လား?

10 Nov 2023

ရွှေသည် သန့်ရှင်းစင်ကြယ်သောသတ္တုဖြစ်ပြီး ဝါ၍အနည်းငယ်နီသော အရောင်ရှိသည်။ ရွှေကို အခြားသတ္တု များဖြစ်သည့် ငွေဖြူရောင်ရှိသော ငွေ (Silver), ငွေဖြူရောင်သတ္တု ဒြပ်စင် (Palladium) , နီကယ် (Nickel), ဇင့် (Zinc), ပလက်တီနမ် (Platinum) စသည့် သတ္တု များကို စနစ်တကျပေါင်းစပ်ရောနှောကာ ရိုဒီယမ်(Rhodium) ဟု အမည်ရသော သတ္တု တစ်မျိုး ဖြင့် အရောင်တင် လိုက်သောအခါ အဖြူရောင် ရွှေ (White Gold) ကို ရရှိသည်။ Rhodium တာ ငွေဖြူရောင်ရှိသော ဒြပ်စင်တစ်မျိုးဖြစ်ပြီ ရောင်ပြန်ဟပ်မှု အလွန်ပြင်းထန်သော အစွမ်းရှိသည်။ Rhodium ကို ကမ္ဘာ့အရှားပါးဆုံးနှင့် အဖိုးတန်သတ္တုအဖြစ် သက်မှတ်ထားသည်။ Rhodium ဟူသောအမည်သည် ဂရိ စကားလုံး ရိုဒွန် (Rhodon) မှ ဆင်းသက် လာခြင်းဖြစ်သည်။ Rhodon သည် ဆား၏နှင်းဆီအနီရောင် (The Rose-Red Color of It’s Salts) ဟု အဓိပ္ပာယ်ရသည်။ Rhodium ကို 1803 ခုနှစ်တွင် အင်္ဂလိပ် ဓာတုဗေဒ ပညာရှင် ဝီလျံဟိုက်(ဒ်)ဝေါလားစတန် (William Hyde Wallaston) က တောင်အမေရိကမှရရှိသော Platinum သတ္တုရိုင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများအရသိရသည်။ Rhodium ကို သံ အရောင်တင်ခြင်း ၊ ငွေ အရောင်တင်ခြင်း ၊ ရွှေ အရောင်တင်ခြင်း အစရှိသော သတ္တု များတွင် အသုံးပြုသည်။ တောက်ပသော စွမ်းအင်ရှိသည့် Rhodium သည် ရွှေဖြင့် အခြားသတ္တုများ ပေါင်းစပ်၍ ရွှေဖြူ (White Gold) အဖြစ်သို့ အရောင်တင်ရာတွင် အထူးပါဝင်ပစ္စည်းဖြစ်သည်။ ရွှေဖြူ (White Gold) ကို 14K , 18K ,22K , 24K စသည်ဖြင့် ရွှေ၏အရည်အသွေးအလိုက်ကာရက် (Karat) ဟူသော အတိုင်းအတာဖြင့်ဖော်ပြကြသည်။ 18K သည် ရွှေပါဝင်မှု 75% ဖြစ်ပြီး 14K သည် ရွှေပါဝင်မှု 60% ခန့် ဖြစ်သည်။ 14K နှင့် 18Kတို့ သည်လက်စွပ်၊ ဆွဲကြိုး၊ နားကပ် အစရှိသော လက်ဝတ်ရတနာများ ပြုလုပ်ရာတွင် အသုံးပြုသည်။ တစ်ချို့သော ရွှေဖြူထည်များသည် 750 ဟု ‌ရေးသားဖော်ပြထားလေ့ရှိသည်။750 ဆိုတာ ရွှေပါဝင်မှူ 75%(18K) ကို ဆိုလိုသည်။ မပြောမဖြစ်ပြောရဦးမည့်အရာမှာ ပလက်တီနမ် (Platinum) ပင်ဖြစ်သည်။ အကြောင်းမှာ ရွှေဖြူ (White Gold) ကို ပလက်တီနမ် (Platinum) ဟူ၍ မှားယွင်းစွာ သိနေခြင်းပဲဖြစ်သည်။ Platinum သည် အဖြူရောင်ဖြစ်ပြီး White Gold ကဲ့သို့ Rhodium ရောနှောကာ အရောင်ပြောင်းလာခြင်းမဟုတ်ပါ။ နဂို မူလသဘာဝ အဖြူရောင်ဖြစ်သည်။ Platinum ၏ သင်္ကေတမှာ PT ဖြစ်သည်။ Platinum သည် PT နှင့် အက်တမ်အမှတ် ၇၈ သင်္ကေတပါသော ဓာတုဒြပ်စင်ဖြစ်သည်။ ၄င်းသည် သိပ်သည်းပြီး ပုံသွင်းရလွယ်ကူ၍ အဖိုးတန်သော အဖြူရောင်သတ္တူဖြစ်သည်။ ၄င်း၏အမည်မှာ စပိန်စကားလုံး ပလက်တီနို (Platino) ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ Platino ကို “ငွေ အနည်းငယ်” ဟု အဓိပ္ပာယ်ရသည်။ Platinum တွင် သဘာဝတွင် တွေ့ရှိရသော အိုင်ဆိုတုပ်(Isotopes) ၆ခု ရှိသည်။ ၄င်းသည် ပျမ်းမျှအားဖြင့် 5 μg / kg နှင့်အတူ ကမ္ဘာ့အပေါ်ယံလွှာတွင် အလွန်ရှားပါးသော ဒြပ်စင်တစ်ခုဖြစ်သည်။ အလွန်ရှားပါးသော သတ္တုဖြစ်သောကြာင့် နှစ်စဉ် တန်ပေါင်း ရာဂဏန်းအနည်းငယ်သာ ထုတ်လုပ်နိုင်သည်။ Platinum ကို ဓာတ်ကူပစ္စည်း အဖြစ်ပြောင်းလဲပြီး ဓာတ်ခွဲခန်းသုံးကိရိယာများ၊ လျှပ်ကူးပစ္စည်းများ၊ အပူချိန်တိုင်းကိရိယာများ၊ သွားနှင့်ပတ်သက်သော ပစ္စည်းများနှင့် လက်ဝတ်ရတနာများတွင် အသုံးပြုကြသည်။ Platinumတွင် ပါဝင်သော ဒြပ်ပေါင်းများဖြစ်သည့် Cisplatin , Oxaliplatin နှင့် Carboplatin သည် ကင်ဆာရောဂါအချို့ ကို ဓာတုကုထုံးဖြင့် ကုသရာတွင် အသုံးပြု သည်။ ဘီစီ 1200 အစောပိုင်းကာလက အသုံးပြုခဲ့သော ရှေးဟောင်း အီဂျစ်ဂူသင်္ချိုင်းများရှိ ရွှေများတွင် Platinum ၏ သဲလွန်စများ ရှာဖွေ တွေ့ရှိခဲ့သည်ဟု မှတ်တမ်းတင်ထားခြင်းရှိသည်။ အစောပိုင်းအီဂျစ်လူ မျိုးတို့သည် Platinum နှင့် ပတ်သက်၍ သိရှိမှုမှာ နည်းပါးလှသည်။ လုံးဝမသိရှိခြင်းတောင် ဖြစ်နိုင်သည်။ ထို့ကြောင့် အီဂျစ်တို့သည် သူတို့၏ ရွှေများတွင် Platinum ပါဝင်သည်ကို မသိရှိခဲ့ကြပေ။ Platinum သည် အဖိုးတန် ရှားပါးသတ္တုဖြစ်သောကြောင့် သူ၏ တန်ဖိုးအတိုင်း အရောင်မှိန်လွင့်စင်သွားခြင်းမရှိပါ။ Rhodium သတ္တု ဖြင့်လဲ အရောင်တင်ရန် မလိုအပ်ပါ။ လက်ဝတ်ရတနာများပြုလုပ်ရာတွင်လည်း Platinum ကို White Gold ကဲ့သို့ အခြားသတ္တုများဖြင့် ရောစပ်စရာမလိုပါ။ Platinumသည် ရွှေထက် သိပ်သည်းဆများပြီး ပိုမိုမာကြောသည်။ ထို့ကြောင့် Platinumသည် ရွှေထက်ပိုလေးသည်။ Platinumသည် ရှားပါးသော သတ္တု တစ်မျိုးဖြစ်သည့်အတွက် Gold၊ White Gold ထက် ပို၍ဈေးကြီးသည်။ White Gold သည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အရောင်လွင့်စင်၍ မှိန်သွားတက်သည်။ ထို့ ကြောင့် Rhodium သတ္တုဖြင့် အရောင်ပြန်တင်ပေးရသည်။ ထိုသို့ မကြာခဏအရောင်ပြန်တင်ပေးရသောကြာင့် လူသားတို့ ဝတ်ဆင်ရာတွင် အနည်းငယ် အဆင်မပြေမှု ဖြစ်စေသည်။ သို့သော် တန်ဖိုးနည်း ရတနာပစ္စည်းမဟုတ်ပါ။ White Gold နှင် Platinum သည် လူသားတို့ အတွက် ဝတ်ဆင်ရာတွင် အလွန်လှပပြီး တန်ဖိုးအားဖြင့် White Gold သည် Gold ထက် ဈေးသက်သာ၍ Platinum သည် Gold ထက် ဈေးပိုကြီးသည်။ Gold ကို နောင်ရေးအတွက် ဝယ်ယူစုဆောင်းမှုများရှိသော်လည်း Platinum နှင် White Gold ကိုတော့ ဝယ်ယူစုဆောင်းမှု နည်းလှသည်။ ဖွံ့ဖြိုးလာသော စမ်းသစ်တီထွင် မှုများကြောင့် Gold နှင့် Platinum ရောစပ်ဖန်တီးသော လက်ဝတ်ရတနာများသည် ဆန်းသစ်ခေတ်မှီသော ဒီဇိုင်းများဖြင့် လူသားတို့၏ တင့်တယ်လှပသော နေ့စဉ်လူနေမှုဘဝတွင် နေရာယူထားကြပြီးဖြစ်သည်။

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top