မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ဆွဲကြိုးနှင့်ပတ်သက်သောပညာဗဟုသုတ

10 Nov 2023

ရတနာပစ္စည်းများထဲမှ လည်ဆွဲရတနာများမှာ မြန်မာအမျိုးသမီးများ အများစု တန်ဖိုးထား အမြတ်တနိုး ဝတ်ဆင်တတ်ကြပါသည်။ လည်ဆွဲရတနာလေးတွေသည်လည်း အမျိုးသမီးတို့ရဲ့ လည်တိုင်အလှကို ပေါ်လွင်ထင်ရှား ကျော့ရှင်းလှပစေပြီး အလှကျက်သရေ တိုးပွားစေပါသည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် လူအများအလယ်မှာလည်း တင့်တယ်ပြီး ဂုဏ်ကျက်သရေတိုးပွားတည်ရှိစေပါသည်။ ဒါကြောင့် အမျိုးသမီးများရဲ့ ကျက်သရေဆောင်ပစ္စည်းမှာ လည်ဆွဲရတနာပင်ဖြစ်ပါသည်။ သို့သော် ကိုယ်နဲ့လိုက်ဖက်မည့် လည်ဆွဲပုံစံလေးများကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့သည်လည်း အရေးကြီးလှသည့်အချက်ဖြစ်ပါသည်။ ဘယ်လိုလည်ဆွဲမျိုးလေးတွေက ကိုယ်နဲ့ လိုက်ဖက်မလဲဆိုတာ သိထားဖို့လည်း လိုပါမယ်နော်။ ယခုပြောပြပေးသွားမည့် အကြောင်းအရာတွေကို ကြည့်၍ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် လည်ဆွဲကို ရွေးချယ်နိုင်သွားမည် ဖြစ်ပါသည်။ လည်ဆွဲအရွယ်အစားများ – အရွယ်ရောက်ပြီး အမျိုးသမီးများအတွက် လည်ဆွဲအရွယ်အစားတွေကတော့ ၁၄ လက်မ မှ ၃၆ လက်မထိ ရှိပါသည်။ ယေဘုယျအားဖြင့် ဘယက်လေးတွေသည် ၁၅ လက်မနှင့် ၁၆ လက်မ ဖြစ်ပြီး၊ လည်ပတ်လေးတွေမှာ ၁၄ လက်မ ဖြစ်ပါသည်။ – အရွယ်ရောက်ပြီး အမျိုးသားများအတွက် လည်ဆွဲအရွယ်အစားတွေကတော့ ၁၈ လက်မ မှ ၃၆ လက်မ ဖြစ်ပါသည်။ – ကလေးအရွယ်များမှာ ၁၂ လက်မ မှ ၁၄ လက်မထိ ဝတ်ဆင်တတ်ကြပါသည်။ အများဆုံးဝတ်ဆင်တတ်ကြသည့်လည်ဆွဲအရွယ်အစားများ – ခန္ဓာကိုယ် ပုံမှန်ရှိသောအမျိုးသမီးအများစုမှာ ၁၇ လက်မနှင့် ၁၈ လက်မ ဝတ်ဆင်လေ့ရှိပြီး၊ ခပ်ပြည့်ပြည့်ရှိသော အမျိုးသမီးလေးတွေမှာ ၂၀ လက်မ မှ ၂၂ လက်မ ဝတ်ဆင်တတ်ကြပါသည်။ ၂၂ လက်မမှ ၃၆ လက်မအတွင်းကိုတော့ ဖန်စီဆွဲကြိုးအဖြစ်ဝတ်ဆင်ကြပါသည်။ – ပုံမှန်အမျိုးသားအများစုမှာ ၁၈ လက်မမှ ၂၂ လက်မအထိ ဝတ်ဆင်တတ်ကြပြီး၊ အနည်းငယ်သောအမျိုးသားများမှာ ၂၃ လက်မမှ ၂၅လက်မထိ ဝတ်ဆင်ကြပါသည်။ ၂၅ လက်မမှ ၃၆ လက်မအတွင်းကိုတော့ ဖန်စီဆွဲကြိုးအဖြစ် ဝတ်ဆင်ကြပါတယ်။ ကိုယ်နှင့်လိုက်ဖက်သောဆွဲကြိုးရွေးချယ်မှု – သင်ဟာ လည်ပင်းရှည်သူတစ်ယောက်ဖြစ်ပါက ခန့်ငြားလှပသောဆွဲကြိုးရှည်ရှည်နှင့် ဆွဲကြိုးအတိုများနှင့်ပါ လိုက်ဖက်နိုင်ပါသည်။ ဒါတင်သာမက ဘယက်အမျိုးမျိုးနှင့်ပါ လိုက်ဖက်စေပြီးတော့ အလှကျက်သရေရှိစေမှာပင်ဖြစ်ပါသည်။ သို့သော် ဆွဲကြိုးမျှင်သေးသေးလေးတွေနဲ့တော့ မလိုက်ဖက်နိုင်ပါ။ – သင်ဟာ လည်ပင်းတိုပြီး မျက်နှာဝိုင်းပါက ဆွဲကြိုးသေးသေးမျှင်မျှင်လေးတွေကို လည်ကပ်အနေအထား ၁၅ လက်မ၊ ၁၆ လက်မလေးတွေထားပြီး ဝတ်သည့်အခါ အလှတိုးစေပြီး မျက်နှာပွင့်လန်းစေမှာဖြစ်ပါသည်။ – ရင်သားပြည့်ပြီး မျက်နှာလေးထောင့်ပိုင်ရှင်လေးတွေသည် ဆွဲကြိုးအရှည်နှင့် မလိုက်ဖက်နိုင်ပါ။သို့သော် ရင်ညွန့်မှာ လော့ကပ်ရှိသည့်အနေအထား ၁၆ လက်မ၊ ၁၇ လက်မ ဝတ်ဆင်သည့်အခါ ကျက်သရေရှိလှသည့်အလှတရားကို ပိုင်ဆိုင်နိုင်မှာပင်ဖြစ်ပါသည်။ – ရင်သားသေးပြီး မျက်နှာရှည်သူဖြစ်ပါက ဆွဲကြိုးရှည်ရှည် ဖန်စီဆန်ဆန် ဝတ်ဆင်လို့ရသည့် ၃၆ လက်မ ရှိသည့် ဆွဲကြိုးအရှည်ကြီးများ ချက်ရောက်သည်ထိ ဝတ်ဆင်ကာ အထာကျကျလန်းနေစေမှာပါ။ ဒီလောက်ဆိုရင်တော့ ကိုယ်နဲ့လိုက်ဖက်ညီလှပစေမည့် ဆွဲကြိုးများကို မှန်ကန်စွာ ရွေးချယ်နိုင်ပြီး အလှကျက်သရေများ တိုးပွားနိုင်ကြမည်လို့မျှော်လင့်ပါတယ်။ အားလုံးပဲ အဆင်ပြေစွာ ရွေးချယ်ဝယ်ယူနိုင်ကြပါစေ။

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top