မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ကိုယ့်မှာ လက်ရှိ ရှိနေတဲ့ ရွှေထည် လက်ဝတ်ရတနာကို ဒီဇိုင်း အသစ်လုပ်မယ်ဆို ရွှေရည်အပြောင်းအလဲ ဖြစ်သွားမလား ???

20 Nov 2023

ကိုယ့်မှာ လက်ရှိ ရှိနေတဲ့ ရွှေထည် လက်ဝတ်ရတနာကို ဒီဇိုင်းကို ရိုးသွားလို့ဖြစ်ဖြစ် ၊ပိုဆန်းတဲ့ ဒီဇိုင်းပြောင်းချင်လို့ ဖြစ်ဖြစ် အသစ်လုပ်မယ်ဆို ရွှေရည်အပြောင်းအလဲ ဖြစ်သွားမလား ??? အမေးများကြလို့ ဒီတစ်ခါတော့ ဖြေပေးလိုက်ပါပြီ … ရွှေထည်ပစ္စည်းတစ်ခု ဥပမာ - ကိုယ့်မှာရှိတဲ့ ၁၅ ပဲရည် ရွှေဆွဲကြိုးကို အခြားဒီဇိုင်းသစ်တစ်ခု ပြန်လုပ်မယ်ဆိုရင် ပထမဆုံး အဆင့်အနေနဲ့ ဆွဲကြိုးတစ်ခုလုံးကို ရွှေရည် ပြန်ကျိုရပါတယ် အသစ်လုပ်မယ့် ဒီဇိုင်းရဲ့ ဂဟေ နည်းတာ များတာပေါ်မူတည်ပြီး ရွှေရည်ကွာဟချက်တွေ ဖြစ်နိုင်တဲ့အတွက် မူလရွှေရည်ကိုတော့ ပြန်မရရှိနိုင်ပါဘူး ‼️ ဆိုလိုတာက - ရွှေမောင်းကွင်းကျစ်ထည်လေးတွေမှာဆိုရင် ဂဟေ တစ်ချက်ပဲဆက်ရတာ ဖြစ်တဲ့အတွက် ပြန်ကျိုတဲ့အခါ ရွှေရည်အနည်းငယ်ပဲ ကျနိုင်ပြီး အပွထည်ကြိုး တွေနဲ့ ကွင်းဆက်များတဲ့ ကြိုးတွေမှာတော့ ရွှေရည် အနည်းငယ်ပိုကျသွား နိုင်ပါတယ် ဒါကြောင့် ရွှေရည် အပြောင်းအလဲ ဖြစ်လားဆိုတာ မူလဒီဇိုင်း ဂဟေဆက်နည်းတွေအပေါ် အများကြီး မူတည်သလို အထည်ပြန်ကြိုတဲ့ နေရာမှာ ရွှေရည်ပြောင်းလဲနိုင်တဲ့အတွက် ပန်းထိမ်ဆရာသုံးတဲ့ ဂဟေနည်တွေပေါ်မှာလည်း မူတည်နေပြီး အနည်းနဲ့ အများတော့ အပြောင်းအလဲ ရှိနိုင်ပါတယ် ရွှေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဗဟုသုတ အကြောင်းအရ အစုံအလင်ကို Shwe Shops Website မှာ အချိန်မရွေး ဝင်ကြည့်လို့ ရနေပါပြီ !! #Credit

Back to Top