မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ရွှေစုခြင်း နှင့် ကိုယ်ပိုင်လုပ်ငန်း

20 Nov 2023

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများထဲမှ ကိုယ်ပိုင်လုပ်ငန်း စတင်ရန် ရည်ရွယ်ထားခြင်းနှင့် အခြား နည်းလမ်းတစ်ခုအနေဖြင့်လည်း ဘယ်လို စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်လျှင် အဆင်ပြေနိုင်မလဲ စဉ်းစားနေသောသူများအတွက် ရည်ရွယ်၍ ရွှေစုခြင်းနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ခြင်းတို့အကြား မည်သည့်အရာသည် ပိုမို၍ အကျိုးများစေနိုင်မလဲဆိုတာ သိရှိစေနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည်။ ယနေ့ခေတ်အခါ လူအများစုသည် ပုံမှန် ဝန်ထမ်း လုပ်ကိုင်ခြင်းထက် တစ်နိုင်တစ်ပိုင် စီးပွားရေးကဲ့သို့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်သာ ပိုမို စိတ်အားထက်သန်ကြပါသည်။ အဓိကအားဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်ခြင်းသည် ရေရှည်တွင် ကြိုးစားလုပ်ကိုင်လျှင် လုပ်ငန်းတိုးချဲ့နိုင်သကဲ့သို့ စဉ်းစားဆင်ခြင်ဉာဏ်နှင့် ဆုံးဖြတ်ချက် မှန်ကန်မှုများအပေါ် မူတည်၍ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်စေနိုင်သောကြောင့် လူအများအပြားသည် ကိုယ်ပိုင်စီးပွားရေး ပြုလုပ်ရန်သာ စိတ်အားထက်သန်လာကြပါသည်။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းနှင့် နှိုင်းယှဉ်၍ ရွှေစုဆောင်းခြင်းသည်လည်း စီးပွားရေး ဈေးကွက်တစ်ခုအနေဖြင့် ရေရှည်စုဆောင်းထားနိုင်ပါက ငွေကြေးအမြတ် ရွှေထည်ရတနာ အလေးချိန်များပေါ် မူတည်၍ ရရှိနိုင်ပြီး အာမခံချက်ရှိသော ကိုယ်ပိုင်လုပ်ငန်းတစ်ခုလည်း ဖြစ်ပေသည်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံငွေကြေးများနှင့်အတူ လုပ်ကိုင်နိုင်စွမ်းရည်ရှိသော လူအင်အားသည်လည်း မဖြစ်မနေ လိုအပ်သော အရာတစ်ခုပင် ဖြစ်ပါသည်။ တစ်ယောက်တည်းသာ စတင် ဦးဆောင်လုပ်ကိုင်နိုင်သော လုပ်ငန်းများ ရှိသော်လည်း အများစုသည် လူအင်အား အနည်းနှင့် အများ လိုအပ်လှပါသည်။ ထို့ကြောင့် ငွေအားစိုက်ထုတ်ရသည့်အပြင် လူပင်ပန်း စိတ်ပင်ပန်းမှုများသည်လည်း ဒွန်တွဲ ကပ်ပါ လာစမြဲ ဖြစ်ပါသည်။ ဒါ့အပြင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စတင်နိုင်သကဲ့သို့ ရေရှည်တွင် အာမခံချက်ရှိသော ရွှေစုဆောင်းခြင်းသည်လည်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့်လည်း လုပ်ကိုင်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရွှေသည် တစ်ကမ္ဘာလုံးတွင် ဈေးကွက်ခိုင်မာမှု ရှိသည့်အပြင် ယခုကဲ့သို့ ရေနံဈေး မတည်ငြိမ်မှုများကြောင့် ဒေါ်လာဈေးကွက် အတက်အကျ မတည်ငြိမ်မှုများ ဖြစ်နေသော်လည်း ရွှေဈေးကွက်သည် အတက်ဖက်သို့သာ ဦးတည်နေဆဲ ဖြစ်ပါသည်။ ကိုယ်ပိုင် စုဆောင်းထားသော ငွေကြေးများကို ရွှေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချိန်တွင် အချိန်နှင့် တစ်ပြေးညီ အမြတ်ရနိုင်ဖို့သည် အာမခံချက်ရှိသော ဈေးကွက်တစ်ခု ဖြစ်လာပါသည်။ ထို့ကြောင့် ရွှေဝယ်ယူ စုဆောင်းခြင်းအတွက် ပိုင်ဆိုင်မှုသည် လက်ဝယ်ပေါ်တွင် ရှိနေသောကြောင့် အခြားသော ရှယ်ယာဝင်ခြင်း ကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများထက် ပိုမို၍ စိတ်ချလုံခြုံစေမှု ရှိစေသည်မှာ အသေအချာ ဖြစ်ပေသည်။ တစ်နိုင်တစ်ပိုင် ရွှေစုဆောင်းရင်း စိတ်ဝင်တစား လုပ်ကိုင်ဆောင်ရွက်လိုသော အခြား စီးပွားရေးလုပ်ငန်းများကို ကြိုတင် လေ့လာမှု ပြုထား၍ ရွှေရတနာများကို အချိန်အတိုင်းအတာ တစ်ခု ရောက်ရှိလာချိန်တွင် ကိုယ်ပိုင်လုပ်ငန်းအတွင်း ထုခွဲ ရောင်းချခြင်း ပြု၍ အသုံးပြု ဆောင်ရွက်နိုင်ခြင်းကြောင့် လူတိုင်းအတွက် အထောက်အကူ ပြုစေနိုင်သော အရာတစ်ခု ဖြစ်ပါသည်။ ရွှေဝယ်ယူ စုဆောင်းရာတွင်လည်း အလျော့တွက်၊ လက်ခ မပါရှိသော ရွှေတုံး၊ ရွှေပြားများ စုဆောင်းခြင်းမျိုးသည် ပိုမို၍ အကျိုးရှိစေနိုင်ပါတော့သည်။ #Credit

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top