မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177, 09750139909
Email : admin@shweshops.com
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)
၁၆ပဲရည် ရောင်းစျေး(5,010,000) ၁၆ပဲရည် ဝယ်စျေး(4,970,000) ၁၅ပဲရည် ရောင်းစျေး(4,710,000) ၁၅ပဲရည် ဝယ်စျေး(4,670,000)

ပလက်တီနမ် နှင့် ရွှေကွာခြားချက်

20 Nov 2023

ယနေ့ခေတ်တွင် ရွှေထည် ငွေထည်နှင့် ပလက်တီနမ် လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းသည် ခေတ်အဆက်ဆက် ဖက်ရှင်ရေစီးကြောင်း တစ်ကြောင်းထက် ပိုမို၍ စီးပွားရေး ဈေးကွက်တစ်ခုအနေဖြင့် အရေးပါလျက် ရှိနေပြီပင် ဖြစ်ပါသည်။ အချို့မှာ ရွှေထည်လက်ဝတ်ရတနာများ ဝတ်ဆင်ရခြင်းထက် ပလက်တီနမ်ဟု အမည်တွင်သော လူငယ် အများအပြား အကြိုက်များလှသည့် အဖြူရောင် ရွှေထည်ပစ္စည်းများကိုသာ ပိုမို သဘောကျ နှစ်ခြိုက်လာကြပါသည်။ သို့သော် ပလက်တီနမ်ပစ္စည်းများသည် ရွှေထည်ပစ္စည်းများထက် ပိုမို၍ ဈေးနှုန်းမြင့်တက်လျက် ရှိပါသည်။ ထို့ကြောင့် ပလက်တီနမ်ပစ္စည်းများသည် ရွှေထည်ပစ္စည်းများထက် အဘယ်ကြောင့် ဈေးနှုန်း ပိုများရသလဲ ? ပလက်တီနမ်နှင့် ရွှေဈေးကွက်များ၏ ဈေးနှုန်းကွာခြားမှု အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံအတွင်း ပလက်တီနမ်သတ္တု ရရှိနိုင်သော နှုန်းထား ရှားပါးခြင်းကြောင့် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် တစ်နှစ်လျှင် ရွှေတန်ချိန် ၁၅၀၀ ခန့် တူးဖော်ရရှိနိုင်သော်လည်း ပလက်တီနမ် တူးဖော်ရရှိမှု တန်ချိန်မှာ ၁၆၀ ခန့်သာ တူးဖော်ရရှိလေ့ ရှိပါသည်။ ထို့ကြောင့် ပလက်တီနမ်သတ္တု ရှားပါးခြင်းသည် ရွှေဈေးနှင့် ဈေးနှုန်းကွာခြားရခြင်း၏ ပထမအချက် ဖြစ်သည်။ ဒုတိယအချက်မှာ ပလက်တီနမ်သတ္တုသည် ရွှေထက် သိပ်သည်းဆ ပိုမိုမြင့်မားသောကြောင့် ပုံမှန်ရွှေထည် ၁၄ ပဲရည် လက်စွပ်တစ်ကွင်းအတွက် ရွှေပါဝင်မှုနှုန်းမှာ ၆၀ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ဖြစ်သော်လည်း ပလက်တီနမ်လက်စွပ် တစ်ကွင်းအတွက် ပလက်တီနမ်သတ္တု ပါဝင်မှုပမာဏမှာ ၉၀ ရာခိုင်နှုန်းကျော်အထိ ပါဝင်သောကြောင့် ဖြစ်ပါသည်။ ရွှေဖြူမှုတ်၍ ပြုလုပ်ပုံဖော်ထားသော ရွှေထည်များသည် အချိန်ကာလ ကြာမြင့်သည့်အခါ မူလအရောင်ဖြစ်သည့် ရွှေရောင်သို့ ပြောင်းလဲသွားသော်လည်း ပလက်တီနမ်သည် နဂို မူလအရောင်အတိုင်းသာဖြစ်ပြီး ပြောင်းလဲမှုနှုန်း မရှိသောကြောင့် ဖြစ်သည်။ စတုတ္ထအချက်မှာ ပလက်တီနမ်တွင် နီကယ်သတ္တုဓာတ် မပါဝင်ခြင်းကြောင့် ရွှေနှင့် ဓာတ်မတည့်သူများအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခြင်းလည်း ဖြစ်ပါသည်။ အချို့သောသူများအတွက် ရွှေတွင် ပါဝင်သည့် နီကယ်သတ္တုဓာတ် မတည့်ခြင်းကြောင့် ရွှေဝတ်ဆင်သည့်အခါ ရွှေနှင့် ထိတွေ့သည့် အရေပြားတဝိုက်တွင် ယားယံခြင်းများ ဖြစ်ပေါ်စေနိုင်သောကြောင့် ပလက်တီနမ်သည် ပို၍ လူကြိုက်များပြီး ဒီဇိုင်းထင်ပေါ် လှပ အဆင်ပြေစေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဒါ့အပြင် ပဉ္စမမြောက် နောက်ဆုံးအချက်မှာ ရွှေထက် ပလက်တီနမ်သည် ပို၍ ခိုင်ခံ့ရှိခြင်းကြောင့်လည်း ဖြစ်ပါသည်။ ဒီဇိုင်းဆန်း အဖိုးတန်လှပသည့် ရွှေထည် ငွေထည်နှင့် ပလက်တီနမ်ပစ္စည်းများ ဝတ်ဆင်သည့်အခါ ပြန်လည် သန့်စင်ဆေးကြောချိန်တွင် ရေနွေးနွေးလေးနှင့် မပြင်းသော ဆပ်ပြာအပျော့စားမျိုးဖြင့်သာ လက်ဝတ်ရတနာများ ဂရုတစိုက် သန့်ရှင်းမှု ပြုသင့်ပါသည်။ ယခု ဖော်ပြပါ အကြောင်းအရာများမှာ ပလက်တီနမ်သည် ရွှေထက် ဈေးပိုများရသည့် အကြောင်းပင် ဖြစ်ပါသည်။

More News

တစ်ပတ်တာ ရွှေစျေးနှုန်းအပြောင်းအလဲများ

19 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

၁၆ပဲရည် -5,010,000 ၁၅ပဲရည် -4,710,000

18 May 2024

Market Price MM မှကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်

More News
Back to Top