မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ရွှေ ရဲ့ မူလ ရင်းမြစ်က ဘာလဲ ??

20 Nov 2023

?ရွှေ ရဲ့ မူလ ရင်းမြစ်က ဘာလဲ ?? ရွှေတွေ ဘယ်ကနေ ရောက်လာလဲ ?? ပညာရှင်တွေကို မေးကြည့်တဲ့အခါ သူတို့ ပြန်ဖြေတာက … “ညချမ်း ကောင်းကင်ပြင်မှာ လင်းနေတဲ့ ကြယ်တွေကိုသာ ငေးကြည့်ပါ”တဲ့ …. တကယ်တော့ “ရွှေ” ဆိုတဲ့ အရာက ကမ္ဘာ့ပြင်ပကနေ အစပြုလာတဲ့ ဒြပ်စင်တစ်မျိုးပါပဲ ✨ ကျောက်သားနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေရဲ့အပေါ်ခွံမှာ ဖြစ်တည်လာရမယ့်အစား အာကာသထဲမှာ ချက်လုပ်စီရင်ထားတာ ဖြစ်ပါတယ် တိတိကျကျဆိုရရင် စူပါနိုဗာ (Supernova) လို့ခေါ်ပြီး အင်မတန် ပြင်းထန်တဲ့ ကြယ်ပေါက်ကွဲမှုကြီး တွေကြောင့်သာ ကမ္ဘာ ပေါ်ကို ရွှေရောက်ရှိလာတာ ဖြစ်ပါတယ်တဲ့ ဒါက ရွှေ ဖြစ်လာရခြင်းရဲ့ အစ ဖြစ်ပြီး အခုတော့ တိုးတက်လာခဲ့တဲ့ ခေတ်သစ် သိပ္ပံပညာရဲ့ ကျေးဇူးကြောင့် ရွှေဒြပ်စင်ကို ကမ္ဘာပေါ်မှာတင် လုပ်လို့ ရနေပါပြီ ဒီ့မတိုင်ခင် ဟိုးအရင် ရှေးခေတ် အဂ္ဂိရပ်ဆရာကြီးတွေကလည်း တန်ဖိုးနည်း ခဲသတ္တုကို ဖိုထိုးပြီး ရွှေဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့ကြဖူးပါတယ် ဒါပေမယ့် အားလုံးက ဒါကို ထူးဆန်းတဲ့ လုပ်ရပ်လို့သာ ထင်ခဲ့ကြပြီး သမိုင်းဆရာတွေဆီကတောင် လူထူးလူဆန်း အဘိုးအိုကြီးတွေလို့ ပုံဖော်သတ်မှတ်ခဲ့ရဖူးပါတယ်တဲ့ ? ဒီနေ့ခေတ်မှာတော့ နည်းပညာတွေ သိပ္ပံပညာတွေရဲ့ တိုးတက်လာမှုနဲ့ အိပ်မက်သက်သက်သာ ဖြစ်ခဲ့တဲ့ ဒီ ထူးဆန်းတဲ့ သတ္တုဒြပ်စင်ဟာ လူတိုင်းက မက်မောရတဲ့ ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးရတနာတစ်ပါး ဖြစ်နေပါပြီ ? Credit-kyawzwarlynnpublications

Back to Top