မြန်မာတစ်နိုင်ငံလုံးရှိ စိန်ရွှေရတနာဆိုင်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုကာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မယ့် Shwe Shops
Hot line : 09880904177
Email : admin@shweshops.com

ရွှေအမျိုးအစားဆိုသည်မှာ??

20 Nov 2023

✨ရွှေ ဆိုတာ သတ္တုရောစပ်ပစ္စည်းတစ်မျိုးဖြစ်ပြီး အများက သိထားတဲ့ Yellow Gold - အဝါရောင် ရွှေ အပြင် White Gold(ရွှေဖြူ)၊ Rose Gold နဲ့ Green Gold ဒီလို အရောင်တွေလည်း ရှိပါသေးတယ် ?Yellow Gold အဝါရောင်ရွှေကိုတော့ ရွှေ၊ ငွေ၊ ကြေး၊ သွပ်တို့နဲ့ ရောစပ် ပြုလုပ်ထားပြီး ရွှေအများဆုံးနဲ့ အသန့်စင်ဆုံး ရွှေရောင်ဖြစ်ပါတယ် သတ္တုရောစပ်ထားခြင်းမရှိဘဲ 24K ရှိတဲ့ရွှေကတော့ ၁၀၀% အသန့်စင်ဆုံ ရွှေပါ ?White Gold ရွှေဖြူဆိုတာ ပလက်တီနမ် မဟုတ်ပါဘူးနော် ၊ ရွှေ ၊ ငွေ၊ ကြေးနီနဲ့ ပယ်လေဒီယမ် တို့ပေါင်းစပ်ပြုလုပ်ထားနဲ့ ရွှေတစ်မျိုးဖြစ်ပြီး အဝါရောင်ရွှေထက် ပိုအကြမ်းခံပါတယ် ?Rose Gold ရွှေ၊ ငွေ၊ ကြေးနီ တို့နဲ့ ရောစပ်ထားပြီး အကြမ်းလည်းခံ ဈေးလည်းတန်တာ Rose gold ပါ ၊ Rose gold က နောက်ပိုင်း မိန်းကလေးတွေကြားထဲ ခေတ်စားလာပြီး တကယ်ကိုလည်း လှပ အဖိုးတန်တဲ့ ရွှေအမျိုးအစား တစ်ခုပါ ?Green Gold ရွှေ 75% နဲ့ ငွေ 25% ကို ရောစပ်ထားပြီး ခပ်စိမ်းစိမ်း အရောင်ရှိတယ် ၊ လူသုံးသိပ်မများပေမယ့် သူလည်း ရွှေအရောင်ကွဲတွေထဲက တစ်မျိုး အပါအဝင်ပါပဲ ⚜️ဒီလို ရွှေအမျိုးအစားတွေရဲ့ အရည်အသွေးကို ဘာနဲ့ တိုင်းတာလဲ ??? ~~~~~~~~~~~~~ နိုင်ငံတကာမှာ ရွှေရဲ့အရည်အသွေးနဲ့ သန့်စင်မှုကို Karat (K) နဲ့ ဖော်ပြပြီး မြန်မာမှာ ဆိုရင်တော့ ပဲရည်နဲ့ တိုင်းတာကြပါတယ် ဥပမာ - 24 k ( ၁၆ ပဲရည် ) 23 k ( ၁၅ ပဲရည် ) 22 k ( ၁၄ ပဲရည် ) 18 k ( ၁၂ ပဲရည် ) စသဖြင့် တိုင်းတာကြတယ် ၊ ဒီထဲမှာမှ 24k - ၁၆ ပဲရည် ကတော့ တစ်ခြား သတ္တု အရောအနှောကင်းပြီး သန့်စင်တဲ့ ရွှေ 100% ပါဝင်တာကြောင့် တန်ဖိုးအားဖြင့်လည်း အကြီးဆုံးပါ ❗️ #shweshops #Credit from website

Back to Top